မဒီနာ၊ ဇူလိုင် ၂၄။ ဆော်ဒီအာရေဗျ နိုင်ငံ အတွင်း၌ တောင်းရမ်း စားသောက် နေသည့် အတွက် ဖမ်းဆီး ခံခဲ့ရသော အာရပ် နိုင်ငံသား တစ်ဦးမှာ သန်းကြွယ် သူဌေးတစ်ဦး ဖြစ်နေသည်ကို သိရှိ ခဲ့ရသည်ဟု ဇူလိုင် ၂၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
အဆိုပါ သူဖုန်းစားအား တောင်းရမ်း စားသောက် နေသည်ကို တွေ့ရှိရ သောကြောင့် မသင်္ကာသည့် အတွက် စစ်ဆေးရာမှ တစ်ဆင့် ယခုကဲ့သို့ သိရှိ လာခြင်း ဖြစ်သည်ဟု မဒီနာမြို့ ရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ အယ်လ်ဂါနမ် က ပြောကြားသည်။
ဖမ်းဆီး ခံရသူကို ဇနီးနှင့် သားသမီး သုံးဦးတို့မှ ကူညီလျက် ရှိပြီး၊ ၎င်းတို့ အားလုံးသည် ဆော်ဒီ နိုင်ငံ အတွင်း တရားမဝင် နေထိုင်သူ များလည်း ဖြစ်သည်။ အချုပ်ခန်း အတွင်း ၎င်းအား ဖမ်းဆီး စစ်ဆေးစဉ် ယခုကဲ့သို့ တွေ့ရှိ ခဲ့ရခြင်း ဖြစ်သည်ဟု အယ်လ်ဂါနမ်က ပြောကြား ခဲ့ကြောင်း ဆော်ဒီ ဂေဇက် သတင်းတွင် ဖော်ပြ ထားသည်။
၎င်းသူဖုန်းစားသည် ခမ်းခမ်းနားနား ပြင်ဆင် ထားသည့် တန်ဖိုးကြီး အိမ်ရာ တစ်ခုတွင် နေထိုင် နေသူဖြစ်ပြီး၊ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံများရှိ မြို့များသို့ ၎င်း၏ ကားဖြင့် သွားရောက်ကာ လှည့်လည် တောင်းရမ်း ခဲ့သည်။ ယခုအချိန်တွင် ၎င်း၏ တရားမဝင် အပြုအမူ များအတွက် အာဏာပိုင် များက စုံစမ်း စစ်ဆေးမှုများ စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။
by mizzimaburmese










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...