၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်၊
မြို့သစ်-တောင်တွင်းကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြို့သစ်ဘက်မှ တောင်တွင်းကြီးဘက်သို့
တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁)ရပ်ကွက်နေ ကိုဝင်းညီညီ(၃၄)နှစ်သည်
၃၇ယ/xxxxx ZENISS-110 ဖြူနက်ကြားဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ်
““ရွှေမင်းသား”” ဆန်ဆိုင်ရှေ့အရောက် မြို့သစ်မြို့နယ်နေ
ကျော်စွာထွန်း(၃၀)နှစ် မောင်းနှင်လာသော ၈ဈ/xxxx (၆)ဘီးကုန်တင်ယာဉ်က
နောက်မှကျော်တက်စဉ် ဆိုင်ကယ်၏ ယာဘက်လက်ကိုင်အား ပွတ်တိုက်မိကြောင်း
သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ကိုဝင်းညီညီတွင် ယာလက်ဖျံ ၇ လက်မခန့်
ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
ကျော်စွာထွန်းအား တောင်တွင်းကြီးမြို့မရဲစခန်း ယာဉ်(ပ) ၄၃/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
by ရဲဇာနည်
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...