၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အရှေ့ချောက်ကန်ကျေးရွာအနီး ““ရွှေကမာ””
စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ
ပခုက္ကူယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ပခုက္ကူ-မြိုင်ကားလမ်းအတိုင်း ပခုက္ကူမှ မြိုင်သို့
ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာနေ ခင်ကြိုင်(၄၁)နှစ်မောင်းနှင်ပြီး ခင်ဆိုင် လိုက်ပါလာသော MYIKO-125 နက်/ဖြူရောင်ဆိုင်ကယ်သည်
ရှေ့မှမောင်းနှင်နေသည့် ယာဉ်တစ်စီးအားကျော်တက်စဉ်
မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ပခုက္ကူမြို့နယ်၊
လက်ပံကန်ကျေးရွာနေ စိုးသိန်း(၄၃)နှစ်မောင်းနှင်ပြီး
တစ်ရွာတည်းနေ ဦးပေါတာ(၃၃)နှစ်လိုက်ပါလာသည့် ၁၀ယ/xxxx HONDA 99 SUPER CUB
အစိမ်းရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့ တိုက်မိမှုကြောင့်
ခင်ကြိုင်၊ စိုးသိန်းနှင့် ဦးပေါတာတို့တွင် ဒဏ်ရာများအသီးသီး
ရရှိခဲ့သောကြောင့် ခင်ကြိုင်အား ပခုက္ကူမြို့မရဲစခန်း ယာဉ်(ပ)၆၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
by ရဲဇာနည်
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...