<div style='background-color: none transparent;'></div>

Thursday, July 24, 2014

ရထားလမ်းပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး

၂၃.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာနှင့် အောင်ဆန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၁၁/၂၃)နှင့် (၁၁/၂၄)ကြား မီးရထားသံလမ်းတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်နေ ကိုဝေဖြိုးအောင်၊ (၂၅)နှစ်ဖြစ်ပြီး ၎င်းသည် အရက်မူးကာ ရထား သံလမ်းပေါ်၌ အိပ်နေစဉ် လှော်ကားဘက်မှ အင်းစိန်ဘက်သို့မောင်းနှင်လာသော မြို့ပတ်ရထားမှကြိတ်မိသဖြင့် ဦးခေါင်း၊ ၀ဲခြေထောက်နှင့် ၀မ်းဗိုက်တို့တွင် ကြေမွပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄၆/၂၀၁၄) ဖြင့်ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...