အသက် ၁၇ နှစ်အရွယ် Ashik Gavai ဟာ ညာဖက်မေးရိုး ရောင်ကိုင်းနေတဲ့ ဒဏ်ကို တစ်နှစ်ခွဲနီးပါး ကြိတ်မိတ် ခံစားခဲ့ရာကနေ မိဘတွေက ကင်ဆာလို့ ယူဆပြီး ဆရာဝန် ပြပြီးနောက်ပိုင်း ခွဲစိတ်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။
သူ့မှာ odontoma လို့ခေါ်တဲ့ ထူးဆန်း ရှုတ်ထွေး တဲ့ ရောဂါရှိနေ တာဖြစ်ပါတယ်။
ဆရာဝန်တွေက သာမန် ခွဲစိတ်မှုလို့ ယူဆခဲ့ပေမယ့် အဲဒီမေးရိုးကို ခွဲစိတ်တဲ့အခါ ပုလဲလို ဖြူဖွေးနေတဲ့ သွားအချောင်းပေါင်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ သွားအချောင်းပေါင်း ၃၇ ချောင်းရှိတဲ့ လူသားရှိခဲ့တယ်ဆိုတာ စာအုပ်တွေထဲမှာ ဖတ်ခဲ့ရပေမယ့် ဒီတချီမှာတော့ သွားအချောင်းပေါင်း ၂၃၂ ချောင်းရှိတဲ့အတွက် ကမာ့္ဘစံချိန်တင်လောက်တယ်လို့ ခွဲစိတ်ကုသမှု လုပ်ခဲ့တဲ့ ဆရာဝန်မ တစ်ဦးက ပြောခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347979
by thithtoolwin
![]() | |||
| သွားပေါင်း ၂၃၂ ချောင်း နှုတ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် (Credit: AFP) |











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...