<div style='background-color: none transparent;'></div>

Friday, July 25, 2014

အိန္ဒိယ၌ကျောင်းဘတ်စ်ကားကို ခရီးသည်တင်ရထားဝင်တိုက် ကျောင်းသာ ၁၄ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံတီလန်ဂါနာပြည်နယ်၌ ကျောင်းဘတ်စ်ကား နှင့်ရထားတိုက်မိရာ ကားမောင်းသူနှင့်ကျောင်းသား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောခဲ့သည်။

ခရီးသည်တင်ရထားက ကျောင်းဘတ်စ်ကားကိုဝင်တိုက်မိခဲ့ပြီး မီတာ ရာပေါင်းများစွာအထိ တရွတ်တိုက် ဆွဲသွားခဲ့သည်ဟုဆိုသည်။

အဆိုပါ ကျောင်းကားသည် ကျောင်းသား ၃၂ ဦးကိုတင်ဆောင်လာကြောင်း၊ ရထားပေါ်ပါ ခရီးသည်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

မိုဒက်ခ်ခရိုင် မာဆိုင်ပက်ရွာအနီးရှိ အလိုအလျောက် အဖွင့် အပိတ်စနစ် တပ်ဆင်ထားသော ရထားလမ်းကူးတစ်နေရာ၌ ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ မီးရထားလမ်းကွန်ရက်သည် ခရီးသည်တင်ရထားအစင်း ၉ဝဝဝ ဖြင့် ခရီးသည် ၂၃ သန်းကို တင်ဆောင်ကာနေ့စဉ်ပြေးဆွဲလျက်ရှိသည်။အိန္ဒိယ၌ မကြာသေးမီ နှစ်များအတွင်း ရထားမတော်တဆ တိုက်မှုများစွာဖြစ်ပွားမှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့်လက ဘီဟာပြည်နယ်၌ တွဲများစွာပါသော ခရီးသည်တင်ရထားတစ်စင်းလမ်းချော်မှု ဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်း
သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိ ခဲ့သည်။

ထို့ပြင် မေလအတွင်းက ဥတာ ပရာဒေ့ရှ်ပြည်နယ်၌ ခရီးသည်တင်ရထားတစ်စင်းလမ်းချော်ကာ ရပ်ထားသော ကုန်တင်ရထားကို တိုက်မိခဲ့ရာ လူ၂ဝထက်မနည်း သေဆုံးခဲ့ရသည်။

(ဘီဘီစီ)
Photo: အိန္ဒိယ၌ကျောင်းဘတ်စ်ကားကို ခရီးသည်တင်ရထားဝင်တိုက် ကျောင်းသာ ၁၄ ဦးထက်မနည်းသေဆုံး
==================================================

နယူးဒေလီ  ဇူလိုင်  ၂၄

အိန္ဒိယနိုင်ငံတီလန်ဂါနာပြည်နယ်၌  ကျောင်းဘတ်စ်ကား နှင့်ရထားတိုက်မိရာ  ကားမောင်းသူနှင့်ကျောင်းသား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ရဲတပ်ဖွဲ့ဝင်များက ပြောခဲ့သည်။

ခရီးသည်တင်ရထားက ကျောင်းဘတ်စ်ကားကိုဝင်တိုက်မိခဲ့ပြီး မီတာ ရာပေါင်းများစွာအထိ တရွတ်တိုက် ဆွဲသွားခဲ့သည်ဟုဆိုသည်။ 

အဆိုပါ  ကျောင်းကားသည် ကျောင်းသား ၃၂ ဦးကိုတင်ဆောင်လာကြောင်း၊ ရထားပေါ်ပါ ခရီးသည်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

မိုဒက်ခ်ခရိုင်  မာဆိုင်ပက်ရွာအနီးရှိ  အလိုအလျောက်  အဖွင့် အပိတ်စနစ်   တပ်ဆင်ထားသော ရထားလမ်းကူးတစ်နေရာ၌   ယင်းမတော်တဆမှု   ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ မီးရထားလမ်းကွန်ရက်သည် ခရီးသည်တင်ရထားအစင်း ၉ဝဝဝ ဖြင့် ခရီးသည် ၂၃ သန်းကို တင်ဆောင်ကာနေ့စဉ်ပြေးဆွဲလျက်ရှိသည်။အိန္ဒိယ၌  မကြာသေးမီ နှစ်များအတွင်း ရထားမတော်တဆ တိုက်မှုများစွာဖြစ်ပွားမှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့်လက ဘီဟာပြည်နယ်၌  တွဲများစွာပါသော  ခရီးသည်တင်ရထားတစ်စင်းလမ်းချော်မှု ဖြစ်ပွားခဲ့ရာ  လေးဦးထက်မနည်း
သေဆုံးခဲ့ပြီး  လေးဦးဒဏ်ရာရရှိ ခဲ့သည်။

ထို့ပြင် မေလအတွင်းက ဥတာ ပရာဒေ့ရှ်ပြည်နယ်၌   ခရီးသည်တင်ရထားတစ်စင်းလမ်းချော်ကာ ရပ်ထားသော  ကုန်တင်ရထားကို တိုက်မိခဲ့ရာ  လူ၂ဝထက်မနည်း သေဆုံးခဲ့ရသည်။

(ဘီဘီစီ)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...