<div style='background-color: none transparent;'></div>

Tuesday, November 18, 2014

ဂျနီဗာလေလံပွဲတွင် မြန်မာ့ပတ္တမြား ဒေါ်လာ ရှစ်သန်းကျော်ဖြင့်ရောင်းချ

စိန်ဘုရင် လောရင့်စ်ဂရတ်ဖ်က ကန်ဒေါ်လာ ရှစ်သန်းကျော်ဖြင့် ဝယ်ယူသွားသော ၈ ဒသမ ၃၂ ကာရက်ရှိ မြန်မာ့ပတ္တမြားကို မော်ဒယ်တစ်ဦးက ဆင်မြန်းပြသနေစဉ် (ဓာတ်ပုံ − ရိုက်တာ)
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ကျင်းပသော ရှားပါးဈေးကြီး ကျောက်မျက်ရတနာများ လေလံ ရောင်းချပွဲတစ်ခုတွင် လန်ဒန်မြို့ မှ တန်ဖိုးကြီး လက်ဝတ်ရတနာ ကုန်သည် လောရင့်စ်ဂရတ်ဖ် က မြန်မာ့ပတ္တမြားတစ်လုံး ကို ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ ကြောင်း သတင်းရရှိ သည်။
စိန်များ၏ ဘုရင် ဟု လူသိများသည့်ဂရတ်ဖ် က ထိုပတ္တမြားကို ဒုတိယ အကြိမ် ပြန်လည်ဝယ်ယူခြင်း ဖြစ်သည်။ ၎င်းသည် ထိုပတ္တမြား ကိုလွန်ခဲ့သောရှစ်နှစ်က လေလံ ပွဲတစ်ခု၌ ဝယ်ယူခဲ့ပြီး ပြန်လည် ရောင်းချခဲ့သည်။ ပတ္တမြားကို ဂရတ်ဖ်ပတ္တမြားဟု ထိုအချိန်က ခေါ်ဆိုခဲ့သည်။
‘‘ဒီပတ္တမြားက    ကမ္ဘာ့ အကောင်းဆုံးပတ္တမြားပါ။ ကျွန် တော်တို့ရဲ့ စုဆောင်းထားတဲ့ရတ နာတွေထဲမှာ   ဒီပတ္တမြားကို နောက် တစ်ကြိမ် ပြန်ပိုင်ဆိုင်ခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်’’ ဟု ၎င်း က ဆိုသည်။
စိန်လက်စွပ်ထဲမှာမြှုပ်ထား သော အဆိုပါလေးထောင့်ပုံ ပတ္တ မြားသည် ကျောက်မျက်ကောင်း များထွက်ရှိရာ မြန်မာနိုင်ငံမိုး ကုတ်မြို့မှဖြစ်သည်။

(ဓာတ်ပုံ − ရိုက်တာ)
‘‘အံ့အားသင့်စရာတော့ မကောင်းပါဘူး။ ဒီပတ္တမြားက သူ နဲ့ပဲ ထိုက်တန်ပါတယ်။ သူက ပြိုင်စံရှားတဲ့ ရတနာတွေကို ကြိုက်တယ်လေ။ ဈေးကတော့ ရှစ်နှစ်အတွင်း နှစ်ဆမက တက် သွားတယ်’’ ဟု လေလံပွဲသို့တက် ရောက်ခဲ့သူတစ်ဦးက ပြောကြား သည်။
ရတနာကုန်သည် မစ္စတာ ဂရတ်ဖ်သည်ဆွစ်ဇာလန်နိုင်ငံ ဂျနီ ဗာမြို့တွင် ရတနာအရောင်းပြခန်းရှိသူဖြစ်သည်။ ၎င်းသည် အဆိုပါလေလံပွဲ၌ အခြားတန်ဖိုးကြီးရတနာများကိုလည်း ဝယ်ယူခဲ့သည်။ အဆိုပါလေလံပွဲ၌ ပြင်သစ် ဘုရင်နပိုလီယံ၏ မိဖုရား ဂျိုး ဇက်ဖင်းဝတ်ဆင်ခဲ့သည့် လည်ဆွဲ တစ်ခုကိုပါ လေလံတင်ရောင်းချ ခဲ့သည်။
ကိုးကား- ရိုက်တာ

by 7daydaily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...