၁၇.၁၁.၂၀၁၄ ရက်နေ့ ၀၃၂၀ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊
ရွှေတိဂုံစေတီတော်မြောက် ဘက် ယာဉ်ရပ်နားစခန်းအနီးတွင် မသင်္ကာဖွယ်
သံဃာတစ်ပါးတွေ့ရှိကြောင်း သတင်းအရ ရွှေတိဂုံစေတီတော်ရဲကင်းစခန်းမှ
တပ်ဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော်စောင့်ရှောက်ရေးဆရာတော်နှင့်အဖွဲ့တို့မှ ၎င်းသံဃာအားခေါ်ယူစိစစ်ခဲ့ရာ ဥူးကေသ၀(ခ)ဦးခိုင်လင်း၊ (၃၄)နှစ်၊ သာသနာဝင်
အမှတ်-မရှိ၊ သုံးခွအနောက်ကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ်နေသူဖြစ်ကြောင်း
နှင့် စေတီတော်တွင်အလှူခံရန် ရောက်ရှိလာသည့် သံဃာအတုဖြစ်ကြောင်း
သိရှိရပါသည်။
၎င်း ဥူးကေသ၀(ခ)ဦးခိုင်လင်းအား စေတီတော်စောင့်ရှောက်ရေးဆရာတော်မှ သိက္ခာချလူဝတ်လဲပေးခဲ့ပြီး ဒဂုံမြို့မရဲစခန်းသို့ပို့အပ်ခဲ့၍ စစ်ဆေးဆောင်ရွက်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...