<div style='background-color: none transparent;'></div>

Thursday, November 27, 2014

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ ထက်ဝက်ခန့်ကျဆင်း

ပြီးခဲ့သည့်ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်ဝင်ခွင့်စာရင်းလာရောက်ကြည့်ရှုသူများ(ဓာတ်ပုံ-နေလင်းထွန်း)
လာမည့်ပညာသင်နှစ် အတွက် ရန်ကုန်တက္ကသိုလ်ဝင် ခွင့်ရရှိသော ကျောင်းသားဦးရေ ကျဆင်းသွားပြီး အရှေ့တိုင်း ပညာဘာသာရပ်တွင် ကျောင်းသူ သုံးဦးနှင့် မြန်မာမှုပညာဘာသာ ရပ်တွင် ကျောင်းသူနှစ်ဦးသာ ၀င် ခွင့်ရရှိခဲ့သည်။
လွန်ခဲ့သောနှစ်က ရန်ကုန် တက္ကသိုလ်တွင် ဘာသာရပ် ၂၀ အတွက် စုစုပေါင်း ကျောင်းသား တစ်ထောင်ကျော် လက်ခံခဲ့သော် လည်း ယခုနှစ်တွင် ဘာသာရပ် ၂၁ ခုအတွက် စုစုပေါင်းကျောင်း သား ၆၀၀ ကျော်သာ ၀င်ခွင့်ရရှိ နေခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ၏ စိတ်ဝင်စားမှုရရှိခဲ့သော်လည်း ယခုဒုတိယမြောက်နှစ်၌ စိတ်ဝင်တစားလျှောက်ထားမှု  လျော့ကျခဲ့ ခြင်းဖြစ်သည်။
‘‘ဆရာတို့ကတော့ ကျောင်း သားဝင်ခွင့်နည်းပါးနေတဲ့ ဘာ သာရပ်တွေမှာ စိတ်ဝင်စားလို့ ကျောင်းပြောင်းလျှောက်ထားတယ်ဆိုရင် လက်ခံမှာပါ။ သတ်မှတ်အရည်အချင်းနဲ့တော့ ကိုက်ညီရမှာပေါ့’’ ဟု ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က အရှေ့ တိုင်းပညာဘာသာရပ်တွင် ၀င် ခွင့်ရရှိသူ ၃၉ ဦးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသူသုံးဦး သာရှိနေပြီး ယခုနှစ် အသစ်ဖွင့်လှစ်လိုက်သော မြန်မာမှုပညာဘာသာရပ်တွင် ကျောင်းသူနှစ်ဦးသာ ရှိနေသည်။
ဝင်ခွင့်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံတကာ ဆက်ဆံရေးပညာ နှင့် ရူပဗေဒဘာသာရပ်တို့တွင် လည်း ၀င်ခွင့်ရရှိသော ကျောင်း သားဦးရေ ဆယ်ဦးခန့်စီ လျော့ကျ သွားခဲ့သည်။ နိုင်ငံရေးသိပ္ပံဘာ သာရပ်တွင် ယခင်နှစ်က ၀င်ခွင့် ရရှိသူ ၄၇ ဦးရှိခဲ့သော်လည်း ယခု နှစ်၌ ၁၁ ဦးသာ ရှိနေသည်။
ရန်ကုန်တက္ကသိုလ် စတင် ဖွင့်လှစ်ချိန်က ဘာသာရပ်တစ်ခု လျှင် ကျောင်းသား ၁၅ ဦးထိ လက်ခံရန် ကြေညာခဲ့သော်လည်း လျှောက်ထားသူနည်းပါးမှုနှင့် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားဦးရေ  နည်းပါး ကြောင်း ဝေဖန်ခဲ့ပြီးနောက် ဘာ သာရပ်တစ်ခုလျှင် ၅၀ ဦးထိ လက်ခံရန် ပညာရေးဝန်ကြီးဌာန က ပြောင်းလဲကြေညာခဲ့ခြင်း ဖြစ် သည်။
   ရန်ကုန်တက္ကသိုလ်၏ ၂၀၁၄-၁၅  ပညာသင်နှစ်အ တွက် ပထမနှစ်သင်တန်းများကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ဖွင့် လှစ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ကျောင်းဝင်ခွင့်မှတ်ပုံ တင်နိုင်ကြောင်း  ကြေညာထား သည်။
by 7daydaily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...