<div style='background-color: none transparent;'></div>

Wednesday, November 19, 2014

အသက်တစ်နှစ်အောက် ကလေးဘ၀တွင် မည်သည့် အရာကို လိုက်ကြည့်သည်ကို ကြည့်၍ အကျင့်စရိုက်ကို ခန့်မှန်းနိုင်

လေ့လာမှု အသစ်တစ်ခု အရ တစ်နှစ်အောက် ကလေး များတွင် လှုပ်ရှားနေသော အရာဝတ္ထုများထက် လူများ၏ မျက်နှာကို ပို၍ကြည့်သော ကလေးများက လမ်းလျောက် တတ်စတွင် အေးတိအေးစက်နှင့် ခံစားချက်ကို မဖော်ပြ ဘဲ နေလေ့ရှိသော စရိုက် (Unemotional Behavious) ပိုနည်းကြောင်း သိရ
သည်။ ယင်းလေ့လာမှုအား King’s College London University of Manchester နှင့် University
of liverpool တို့ ပူးပေါင်း၍ မွေးပြီး ငါးပတ် အရွယ်ရှိ ကလေးများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလေ့လာမှုတွင် ကလေးများက လူ၏ မျက်နှာနှင့် အနီရောင် ဘောလုံးလေးကြား မည်သည့် အရာကိုပို၍ အချိန်ကြာကြာ လိုက်ကြည့်ကြောင်း စောင့်ကြည့်ခဲ့ကြသည်။ ထို့ နောက် ရလဒ်ကို မှတ်တမ်းတင်ထား၍ အသက် ၂ နှစ်ခွဲ လမ်းလျောက်တတ်စတွင် ကလေးအား မေးခွန်းများ မေး၍ ရလဒ်နှစ်ခုအား နှိုင်းယှဉ်ကြည့် ခဲ့သည်။
ထိုအခါ လူများ၏ မျက်နှာကို ပို၍ အချိန်ကြာကြာ လိုက်လံကြည့်ရှု ခဲ့သော ကလေးက ရင်းနှီးဖော်ရွေ
သောအဖြေများကိုပို၍ဖြေလေ့ရှိပြီး၊ အေးတိအေးစက် နေလေ့ရှိသောအမူအကျင့်ပိုနည်းကြောင်း
တွေ့ရသည်။ ထို့ပြင် မိခင်က မိမိကလေးအား ချော့မြူစဉ် ပို၍ ခံစားချက် ပါပါချော့ပါ ကလည်း (Unemotionul Beha- viour) အေးတိအေးစက် နေလေ့ရှိ သော စရိုက် ပိုနည်းကြောင်း တွေ့ခဲ့ရ
သည်။ King’s College london စိတ်ပညာဌာနမှ Dr Rachuel Bedfard က ကလေးများတွင် ဖြစ်
ပွားသည့် Uncmotional Beha viars ကနောက်ပိုင်းတွင် လူမှုဆက်ဆံရေး အံမ၀င်မှု၊ ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေများမှု စသည့်တို့ဖြင့် ဆက်စပ်နေ သည်ဟု ပြောပြခဲ့သည်။
Credit : lwanmapyay
by myanmarlatestnews

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...