<div style='background-color: none transparent;'></div>

Wednesday, November 19, 2014

အဖော်



လက်ခုပ်နှစ်ဘက်တီးဖို့
လက်ဝါးဖြန့်ပြီး စောင့်ခဲ့တယ်
ဓားကို ဓားချင်း
နှလုံးသားကို နှလုံးသားချင်း
သိက္ခာတရားချင်းထပ်
သတ်ကွင်းထဲက စောင့်ခဲ့တယ်
တသမှတ်တည်း ချစ်မယ့်သူရှာဆဲ
တသမှတ်တည်း မုန်းမယ့်သူရှာဆဲ
ဘာလဲဟေ့... လောက
ဘဝဆိုတာ
သစ်ငုတ်ကိုမမီနိုင်တဲ့မြက်ပင်လား
စိန်နားကပ်အရောင်အတွက် ပါးနှစ်ဘက်လား
မိုးကောင်းတုန်းရွာထားဦးလို့ပြောဖို့
မိုးခေါင်တဲ့အရပ်ကို စွန့်ခဲ့တယ်
အချိန်မတန်ခင် အိမ်ပြန်ရမှာကြောက်လို့
တံခါးပေါက်ကို မေ့ခဲ့တာကြာပေါ့
ဘာလာလာ ဒေါင်းတဲ့ထဲမှာ
ငါမပါသလို ငါမပါချင်ခဲ့
ငါ့လိုအင်မှာ ငါမလိုချင်တာတွေအပြည့်
တစ်နေ့တော့ နားလည်လာလိမ့်မယ်လို့
လူးလှိမ့် ၊ ခေါင်းငုံ့ ၊ ခါးစည်းခံခဲ့တယ်
ဘယ်မှာလဲ ငါ့ရဲ့လက်ခုပ်သံလေး
ဖြန့်ထားတဲ့လက်ဖဝါးလေးက မေးတယ်
အကောင်းဆုံးမဟုတ်ရင်
အဆိုးဆုံးအတွက် မြည်ချင်လှပါပြီ ။
မောင်မိုးအေး ( လယ်ဝေး )
18 Nov 2014
ခေတ္တ - ပလိပ်
by ကဗျာနန်းတော်
.

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...