<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

ပိန်ပိန်သွယ်သွယ်သစ်ပင်နဲ့ လက်ထပ်တဲ့ အမျိုးသား


ပီရူးဗီယန် ရုပ်ရှင်သရုပ်ဆောင် အမျိုးသား ရစ်ချက်တောက ကိုလံ ဘီယာနိုင်ငံ၊ ဘိုဂိုတာအမျိုးသားပန်းခြံအတွင်းက လုံးပတ်သွယ်သွယ်သစ်ပင်တစ်ပင်နဲ့ လက်ထပ်ပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါ တယ်။
သူရဲ့ ဒီလိုသမားရိုးကျမဟုတ်တဲ့ သဘာဝလွန် လက်ထပ်ပွဲကို ပြု လုပ်ကျင်းပတဲ့နေရာမှာ သူက ယင်းသစ်ပင်ကို သတို့သမီးတစ်ဦး ပမာရှုမြင်ခံစားပြီး သတို့သမီးအပြင်အဆင်တွေနဲ့ တကယ့်လက်ထပ် ပွဲသဖွယ် စည်စည်ကားကား ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
ဘိသိတ်ဆရာ၊ ရွှေပွဲလာ ဧည့်ပရိတ်သတ်များအရှေ့မှောက် သတို့သမီးသစ်ပင်ကို သတို့သမီးတစ်ဦးနှယ် ချစ်ခြင်းမေတ္တာအနမ်း များ ခြွေပါတယ်။ နောက် သစ္စာဆိုပါတယ်။ ပျော်ပျော်ရွှင်ရွှင်အပြုံး၊ အ နမ်းများ၊ စကားစမြည်များနဲ့ ဧည့်လာများကို ဧည့်ခံရေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လူအများစိတ်ဝင်တစားရှိတဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သူကလူ တွေကြောင့် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ပြုန်းတီးပျက်စီး မှုများ ဖြစ်နေကြောင်းကို ဖော်ပြလိုခြင်းဖြစ်ကာ ကိုလံဘီယာနိုင်ငံ သစ်တောသစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံလည်းစစ် မြေပြင်တိုက်ပွဲတွေဖန်တီးခြင်းကနေ သစ်ပင်စိုက်ခြင်းကိုပြောင်းလဲ ပြုလုပ်ပါလို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒီပွဲက ပြီးခဲ့တဲ့နှစ်
ဗျူနိုအေး ရိစ်မှာကျင်းပခဲ့တဲ့ ပွဲနဲ့ဆိုရင် သူ့ရဲ့နှစ်ကြိမ်မြောက်လက်ထပ်ခြင်းပဲ ဖြစ်ပါတယ်။
by phothutaw

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...