<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

ခင်ပွန်း၏ခေါင်းကို မဂ္ဂဇင်းစာအုပ်ဖြင့် ရိုက်မိသည့်ဇနီး ရဲအချုပ်ခန်းတွင် နှစ်ညအိပ်ရ

10383094_880252148660373_6315056611437221025_n

လန်ဒန်၊ နိုဝင်ဘာ ၂၅
အသက် ၆၅ နှစ်ရှိ အိုင်းယင်း ကလာ့ခ်သည် ရုပ်မြင်သံကြားအစီ အစဉ်ကြည့်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ခင်ပွန်းသည် ဂျိမ်းစ်နှင့်အငြင်း အခုံဖြစ်စကားများပြီးနောက် ရဲအချုပ် ခန်းထဲသို့ အထည့်ခံလိုက်ရကြောင်း သိရ၏။
Fite, Tayport မှ ထိုဇနီး မောင်နှံတို့ အငြင်းအခုံဖြစ်စကားများ သည်ကို အိမ်နီးနားချင်းတစ်ဦးက နားစွန်နားဖျားကြားပြီး ရဲစခန်းသို့ဖုန်း ဆက်အကြောင်းကြားလိုက်သည်။
ရဲအရာရှိလေးယောက်ရောက် လာပြီး အိပ်ရာဝင်တော့မည့်ဆဲဆဲ ဖြစ်နေသည့် မစ္စကလာ့ခ်ကို သူမ၏အဝတ်လဲခန်းသို့ဝင်၍ ရှာကြသည်။
မစ္စတာ ကလာ့ခ်ကို ဆေးစစ် ဆေးမှုပြုလုပ်ရန် ဆေးဘက်အကူ များအား ဖုန်းဆက်ထားစဉ် သူမကို ရဲများက ဖမ်း၍ လက်ထိပ်ခတ်ပြီး ရဲကားဖြင့် ခေါ်သွားသည်။
မစ္စကလာ့ခ် အဖမ်းခံရသောည မှာ တရားရုံးပိတ်ရက်မတိုင်မီ ညဖြစ် သောကြောင့် သူမသည် အချုပ်ခန်း ထဲတွင် နှစ်ညနေရသည်။
တနင်္ဂနွေနေ့ ရုပ်မြင်သံကြား အစီအစဉ်တွင် ဂျိမ်းစ်က လေယာဉ် ပျံများ အစီအစဉ်ကို ကြည့်ချင်၍ အိုင်းယင်းက Foyle}s Was အစီအ စဉ်ကို ကြည့်ချင်သည်ဆိုကြရာမှ အငြင်းအခုံဖြစ်စကားများသည်ဟု ကလာ့ခ်က ဆိုသည်။
မစ္စကလာ့ခ်သည် အိပ်ရာဝင် ရန် ပြင်နေကြောင်း၊ ထိုစဉ် ရဲများ ရောက်လာပြီး တံခါးကိုထုသံကြား လိုက်ရကြောင်း၊ အချိန်မှာ ၉ နာရီ ခွဲခန့်ရှိကြောင်း၊ သူမမှာ အဝတ်လဲ ခန်းတွင် ရှိနေကြောင်း မစ္စကလာ့ခ် က ဆိုသည်။
ရဲအရာရှိလေးယောက်ရောက် လာပြီး နှစ်ယောက်တို့က ဂျိမ်းစ်ကို အိပ်ခန်းထဲသို့ခေါ်သွား၍ ကျန်ရဲအ ရာရှိ နှစ်ယောက်တို့က သူမကိုဧည့် ခန်းထဲသို့ ခေါ်သွားကာ ”ရှင်တို့ စကားများနေတယ်ဆိုတဲ့သတင်းရ တယ်”ဟု ရဲမေက ဆိုသည်ဟု မစ္စ ကလာ့ခ်က ဆိုသည်။
”ဟုတ်တယ်၊ ကျွန်မတို့စကား များတယ်။ ပြီတော့ကျွန်မက ဂျိမ်းစ် ရဲ့ခေါင်းကို ကုလားထိုင်စွန်းပေါ်မှာ တင်ထားတှဲ့ကညိပေမဂ္ဂဇင်းနဲ့ ရိုက် လိုက်တယ်”ဟု မစ္စကလာ့ခ်ကပြော ရာ ရှင့်ကိုခေါ်သွားရမယ်ဟုဆိုကာ မစ္စကလာ့ခ်ကို ရဲကခေါ်သွားသည်။
”ကျွန်တော်တို့ အငြင်းအခုံဖြစ် တဲ့ကိစ္စကပြီးသွားပြီပဲ။ ဒါပေမဲ့ ရဲက ဝင်လာတယ်”ဟု အသက် ၅၂နှစ်ရှိ မစ္စတာကလာ့ခ်ကဆိုသည်။ တခြား ဘာမှမရှိပါဘူး။ ”ကျွန်တော့်နဖူး မှာ ကုတ်မိထားတဲ့ဝက်ခြံမှာ စက္ကူစ လေးကပ်ထားတာပဲရှိတယ်။ ရဲတွေ က ကျွန်တော်ကိုဆေးဘက်အကူတွေ ဆီ ခေါ်သွားပြီး ကျွန်တော့်ဇနီးကို လက်ထိပ်ခတ်လိုက်ပြီး ခေါ်သွား တယ်။ ဒါပဲ”ဟု မစ္စတာကလာ့ခ်က ဆိုသည်။
မစ္စကလာ့ခ်သည် ကူပါရှိ အ ချုပ်ခန်းတွင်တစ်ညအိပ်ရပြီး တရား ရုံးတွင် အမှုရင်ဆိုင်ရန် ဒွန်ဖားမ် လိုင်းသို့ခေါ်သွားခြင်းခံရသည်။
သို့ သော် ဒန်ဒီးတရားရုံးမှာ တနင်္လာ နေ့၌ ပိတ်သောကြောင့် မစ္စကလာ့ခ် သည် အင်္ဂါနေ့တွင်မှ တရားရုံးသို့ သွားရမည်ဖြစ်သည်။ သို့ဖြစ်၍ မစ္စ ကလာ့ခ်ခမျာ တနင်္လာနေ့ညတွင် လည်း ရဲအချုပ်ခန်းထဲတွင် စောင် တစ်ထည်မျှဖြင့်သာ စခန်းသွားရ ရှာလေသည်။
ထိုစဉ် သူ့ခင်ပွန်းဂျိမ်းစ်ကလာ့ခ် ကမူ စိုးရိမ်မှုပွားလျက်ရှိနေရှာလေ သည်။
Ref: The Telergraph
#Democracytoday

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...