အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း မိုဟာမင် မော်ဆီကို ရာထူးပြန်ပေးတာကို လိုလားလို့ ဆန္ဒ ထုတ်ဖော် ခဲ့ကြသူ ဆယ်ကျော်သက်အရွယ် ၇၈ ယောက်ကို အီဂျစ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။
သမ္မတဟောင်း မိုဟာမက် မော်ဆီကိုယ်တိုင် ရာထူးကနေ ဖယ်ရှားခံရပြီး အရင်နှစ်ကတည်းက ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။
သမ္မတဟောင်းကို ထောက်ခံသူတွေကိုပါ အီဂျစ်အစိုးရက ဖမ်းဆီး အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
နောက်ဆုံးဖြစ်ရပ်မှာတော့ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြားမှာ ရှိတဲ့ လူငယ် ၇၈ ယောက်ကို Mediterranean မြို့ တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ လူငယ်တွေဟာ တရားမဝင်တော့တဲ့ မွတ်စလင် ညီအစ်ကိုများ ပါတီနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ သုံးလက ဆန္ဒပြမှု ပြုလုပ်တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရတာပါ။
မွတ်စလင်ညီအစ်ကိုများပါတီကို အီဂျစ် အစိုးရက ဒီဇင်ဘာလကစပြီး တရားမဝင် အသင်း၊ အကြမ်းဖက်အသင်းအဖြစ် ကြေညာခဲ့ပြီး ပါတီဝင် ထောင်နဲ့ချီကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
သမ္မတဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံသူ အယောက်ပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ရပြီး လူပေါင်း ၁၅၀၀၀ လောက် ဖမ်းဆီး ထောင်ချခံနေရပါတယ်။
တချို့ဖမ်းဆီးခံရသူတွေကို သေမိန့်ချမှတ်လိုက်ပြီး သမ္မတဟောင်း မော်ဆီအပြင် တခြားလူတွေကလည်း တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
သူတို့ကို အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင်လည်း သေဒဏ်ချမှတ်နိုင်ပါတယ်။
မွတ်စလင်ညီအစ်ကိုများ ပါတီဝင်တွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးအရေးယူတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက လက်ရှိ အီဂျစ်အစိုးရကို ဝေဖန်ထားပါတယ်။
by ABC Radio Australia

သမ္မတဟောင်း မိုဟာမက်မော်ဆီကို ထောက်ခံဆန္ဒပြသူများ (Credit: Reuters)

![]() |
| သမ္မတဟောင်း မိုဟာမက်မော်ဆီကို ထောက်ခံဆန္ဒပြသူများ (Credit: Reuters) |

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...