<div style='background-color: none transparent;'></div>

Thursday, November 27, 2014

ပါကစ္စတန်မှာ ပိုလီယို ဆေးဝန်ထမ်း ၄ ဦး ပစ်သတ်ခံရ

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ္စတန် ပြည်နယ်မှာ ပိုလီယို ရောဂါ ကာကွယ်ဆေး လိုက်ထိုးပေးနေတဲ့ ဝန်ထမ်းတွေကို သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားပါတယ်။


ပစ်သတ် ခံခဲ့ရသူ ၄ ဦးမှာ ၃ ဦးက အမျိုးသမီးတွေ ဖြစ်ကြပြီး ဒဏ်ရာရသူ ၃ ဦးဟာလည်း အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်း ၆၀ ကျော် အသတ် ခံခဲ့ရပြီး တိုက်ခိုက်မှု အများစုဟာ အစ္စလာမစ် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကမ္ဘာပေါ်မှာ ပိုလီယို ရောဂါ အမြစ် မပြတ်သေးတဲ့ နိုင်ငံ ၃ နိုင်ငံသာ ကျန်ရှိတော့ပြီး တခြား ၂ နိုင်ငံ ကတော့ နိုင်ဂျီးရီးယားနဲ့ အာဖဂန် နစ္စတန်တို့ ဖြစ်ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JzVAoTKcQxJh54kqMM2sFLEkur-gTIOxG1oILkT6gWFzkEW6pwgIfvqs8lTv3wahLVRcuNpjITi6kRzCftXnspBqFylrWRcHqLhZj-BSuUTVQ5ubjTx1ZqLDXHEQdKNNItxW31iKzcM/s1600/10.jpg
by BBC Burmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...