<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

၂၅.၁၁.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင် များသည် ရွှေပေါက္ကံ(၁၄)ရပ်ကွက်တွင်
နေအိမ်၌အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အသက်(၂၂)နှစ်အရွယ်အမျိုးသားဖြစ်ပြီး
နေအိမ်ဘေးရှိ အဖီအခန်းလွတ်အတွင်း အမြင့်(၇)ပေခွဲခန့်ရှိသော သစ်သား
ထုပ်တန်းတွင် 3×3.9mm အမျိုးအစား အဖြူရောင်ဝါယာကြိုးအားအသုံးပြု၍
ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသည့်လက္ခဏာဖြင့် သေဆုံးနေသည်
ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၂၃၀ အချိန်ခန့်ကပင် ယင်းသို့ ကြိုးဆွဲချသေဆုံးနေသည်ကို မိသားစုမှတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး အရောင်းအ၀ယ်လုပ်ငန်းတွင် အဆင်မပြေမှု
များရှိကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပေါက္ကံနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်
(၁၈/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။


by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...