<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

အမျိုးသားတစ်ဦး အဆိပ်သောက်သေဆုံး

၂၅.၁၁.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ
သည် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံတွင် အမျိုးသားတစ်ဦးအဆိပ်သောက်ကာ
သေဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံး
သူမှာ မှော်ဘီမြို့နယ်နေ အသက်(၂၈)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ပါးစပ်မှ အမြုပ်များထွက်နေကာ နှုတ်ခမ်းပြာနှမ်းလျက် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေ
သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ယင်းနေ့ ၁၇၂၀ အချိန်ခန့်က အပြင်မှ အရက်သေစာသောက်စားပြီး နေအိမ်သို့ပြန်လာရောက်ရှိကာ နေအိမ်အနီးရှိ ကန်စွန်းခင်းဘက်သို့ ထွက်ခွာသွားသည်ကို မိခင်ဖြစ်သူမှ တွေ့မြင်ခဲ့ကြောင်း၊ မိခင်ဖြစ်သူမှ လိုက်သွားကြည့်ရာ ကန်စွန်းခင်းအတွင်း အသင့် တွေ့ရှိသော ပိုးသတ်ဆေးအား ၎င်းမှ သောက်နေသည်ကိုတွေ့ရှိရသဖြင့် ဆေးရုံသို့
ပို့အပ်စဉ် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၉/၂၀၁၄)ဖြင့် ရေးဖွင့် ကာ စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...