ဂျကာတာ၊ နိုဝင်ဘာ ၁၈။ ကမ္ဘာပေါ်တွင် မွတ်ဆလင် ဘာသာဝင် အများဆုံး နေထိုင်သော အင်ဒိုနီးရှားနိုင်ငံတွင် ရဲတပ်ဖွဲ့ အတွင်း သို့ဝင်ရောက် ရန် လျှောက်ထားသော အမျိုးသမီးများအား အပျိုစစ်မစစ် စစ်ဆေးမှုကိုဟန့်တားပေးရန် အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့အား လူအခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW)က နိုဝင်ဘာ ၁၈ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သို့ ၀င်ရောက်ရန် လျှောက်ထားသော အမျိုးသမီးများသည် လက်ထပ်ထားသူ မဖြစ်ရသည့် အပြင် အပျိုစင် ဖြစ်ရန်လည်း လိုအပ် သည်။ ယင်းစစ်ဆေးမှုကို မလုပ်ဆောင်ရန် ထိပ်တန်း ရဲအရာရှိ အချို့က တားမြစ် ကန့်ကွက်လျက် ရှိသော်လည်း အပျိုစစ်မစစ် စစ်ဆေးမှု များကို ကျယ်ကျယ်ပြန့်ပြန့်ပင် လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ်အတွင်း မကြာသေးမီ အချိန်က စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သော အမျိုးသမီး အချို့ အပါအ၀င် သက်လတ်ပိုင်း အမျိုးသမီး များသည် ယင်းစစ်ဆေးမှုကြောင့် နာကျင်မှုနှင့် စိတ်သောကများ ခံစားခဲ့ရကြောင်း HRW နှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားထားသည်။
"ခွဲခြား ဆက်ဆံတဲ့ ဒီလိုမျိုး စမ်းသပ် စစ်ဆေးမှုတွေဟာ အမျိုးသမီးတွေကို အရှက်တကွဲ ထိခိုက်မှု ဖြစ်စေ ပါတယ်။ ဂျကာတာက ရဲတပ်ဖွဲ့ အာဏာပိုင်တွေ အနေနဲ့ စမ်းသပ်မှုကို ချက်ချင်း ပြတ်ပြတ်သားသား ပယ်ဖျက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင် စုဆောင်းမှု စခန်းများ အားလုံးဟာ ဒီစမ်းသပ်မှုကို ရပ်တန့်ဖို့ လိုအပ်ပါတယ်"ဟု HRW ရှိ အမျိုးသမီးများ အခွင့်ရေး အဖွဲ့ဆိုင်ရာ ညွှန်ကြားရေးမှူး နစ်ရှာဗာရီအာက ပြောကြားသည်။
အင်ဒိုနီးရှား အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ။
Ref: AFP
မဇ္ဈိမ

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...