<div style='background-color: none transparent;'></div>

Monday, November 17, 2014

တက္ကစီက အသုပ်ဆိုင်ကိုဝင်တိုက်မိ၍ သုံးဦးဒဏ်ရာရ

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မင်းနန္ဒာ လမ်းမကြီးပေါ်တွင် ၃၂ ဘတ်စ်ကားက တက္ကစီကို ဝင်တိုက်မိ၍ တက္ကစီ လည်ထွက်သွားပြီး အသုပ်ဆိုင်ကို ဝင်တိုက်မိသဖြင့် သုံးဦး ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောသည်။


ဖြစ်စဉ်မှာ အဆိုပါ လမ်းမကြီးပေါ်တွင် မွန်းတည့် ၁၂ နာရီက ယာဉ်မောင်း အောင်ကျော်သူ မောင်းနှင် လာသော မထသ-၃၂ ဘတ်စ်ကား ၅ခ/-----က အငှားယာဉ်မောင်း သန့်စင်မောင်းနှင်သည့် AA/---- တက္ကစီယာဉ်ကို ဝင်တိုက်မိ၍ တက္ကစီမှာ မင်းနန္ဒာလမ်းနှင့် နောင်ရိုးလမ်းထောင့်ရှိ အသုပ်ဆိုင်ကို ဝင်တိုက်မိရာ ဆိုင်ရှင်အပါအဝင် သုံးဦး ဒဏ်ရာရရှိကာ နီးစပ်ရာဆေးခန်းသို့ တင်ပို့ခဲ့ရပြီး ဆေးကုသပေးလျက်ရှိသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မြင့်မြင့်စမ်း၊ သား သီဟဇော် နှင့် ပိုင်ပိုင်တို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းစစ်ဆေးမှု များပြုလုပ်လျက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ-မြင့်မောင်စိုး
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_-feD2rjHWmhWfLYoslF-wiL2By1bxcUB6SIeUi-rM8BhQEYbZF79Xt9YE-yZwaGGfrOfiICzK3AFnUsK5AjMLIyjmwN3Q1LDF4O7K_wledOHnA4wbfntd-m3lT6BfjCTcPkigxrucg/s1600/5.jpg
Myanmaalinn

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...