ထိုင်းနိုင်ငံ တာခ်ျခရိုင်မှာ အလုပ်ရှင်ကို ဓားပြတိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာ အလုပ်သမား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီး ထားပါတယ်။
အသက် ၂၀ အရွယ် အားစိုနဲ့ သူ့ရဲ့မိန်းကလေး မိတ်ဆွေ ဘို တို့ ၂ ယောက်ကို မနက် ၅ နာရီအချိန်က မူဝမ်နယ်မြေမှာ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ ၂ ဦးဟာ အသက် ၅၀ အရွယ် အမ်ဖန် ဆယ်ကွေ့ ကို သတ်ဖြတ်ပြီး ငွေသား ဘတ် ၆ သောင်းနဲ့ ရွှေထည်ပစ္စည်းတချို့ကို ယူဆောင်ထွက်ပြေးခဲ့တယ် လို့လည်း ဆိုပါတယ်။
သူတို့တွေဟာ အရင်ရက်ပိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာ အမျိုးသမီး တယောက်နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဒီလူသတ်မှုကို အလုပ်ရှင်ရဲ့ဆိုင်က လုံခြုံရေး ကင်မရာကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
By ဒီဗွီဘီ










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...