မြင်ကတည်းက…ရင်ထဲ
စွဲလမ်းမိခဲ့တာပါ
ညီမလေးရာ……။
ဟန်ဆောင်မှုဆိုတာ
ဘာမှန်းမသိ
စိတ်ခံစားမှုအားလုံး
မျက်နှာပေါ် ရောက်နေတတ်သူ။
စံပယ်လို ဖြူ
ခရေလို မွှေး
အပြုံးအေးအေးလေးနဲ့
ချစ်စဖွယ်မျက်နှာလေး
နေ့တိုင်း ထိုင်ငေးချင်တယ်။
ညီမ……
အနားမှာရှိတဲ့အခါတိုင်း
ကိုယ့်ကြိုးစားမှုကြောင့်
တေးသံတို့ရောက်လာပေမယ့်
စာသားကတော့
မပြည့်စုံပါဘူး……။
ပုတုံးရောင်ကေသာ
အပြုံးနှုတ်ခမ်း
မျက်ဝန်းနက်နက်တွေကြားမှာ
ကိုယ့်ဘဝရဲ့ချမ်းမြေ့ပျော်ရွှင်မ
တွေ့ရပါတယ်။
ညီမဟာ
ကိုယ့်ရဲ့
အထီးကျန်အိမ်မက်တွေထဲမှာ
စိုးမိုးနေတဲ့
ထာဝရ မူပိုင်ရှင်ပါ။Tiger Lily(နှင်းပန်း)
by ကဗျာနန်းတော်
Wednesday, November 19, 2014
ညီမလေးသို့
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...