<div style='background-color: none transparent;'></div>

Thursday, November 27, 2014

စွပ်စွဲခံမြန်မာနှစ်ဦးထွက်ပြေးပါက ကိုယ်တိုင်အဖမ်းခံမည်ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌမှ အာမခံထားသော်လည်း ထိုင်းတရားရုံးက အာမခံမပေး

ခိုတောင်ကျွန်း အမှု၌ စွပ်စွဲခံနေရသည့် မြန်မာနှစ် ဦးကို အချုပ်လွတ်ထုချေခွင့် ပေးရန် မိမိကိုယ်မိမိအပေါင်ထားကာ အဆို ပါလူငယ်နှစ်ဦးထွက်ပြေးပါက ကိုယ် တိုင် လာရောက် အဖမ်းခံမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်မှ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် အာမခံပေးခဲ့သော်လည်း ယနေ့အာမခံလျှောက်ထားရာ၌ မြန် မာနှစ်ဦးအတွက် အာမခံငြင်းပယ်ခံ ခဲ့ရသည်
။
နိုဝင်ဘာ၂၆ရက်တွင် ထိုင်းနိုင်ငံ ကော့စမွေကျွန်းရှိ ကော့စမွေခရိုင် တရားရုံးတွင်လျှောက်ထားရာ ကော့ စမွေခရိုင်တရားသူကြီးမှ အာမခံကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်း မောင်က ဒီမိုကရေစီတူဒေးသို့အတည် ပြုပြောသည်။

''အာမခံငြင်းပယ်ခံခဲ့ရပါတယ်။ ခုတစ်ကြိမ်မရရင် နောက်တစ်ကြိမ် ထပ်လျှောက်ပါ့မယ်။ သုံးလေးကြိမ် အထိလျှောက်သွားဖို့ရှိပါတယ်။ လွှတ် တော်ဥက္ကဋ္ဌက အာမခံပေးခဲ့ပေမယ့် ထိုင်းတရားသူကြီးကတော့ ဥပဒေ အရလုပ်တာဖြစ်ပါလိမ့်မယ်''ဟု သံ အမတ်ကြီးက ပြောသည်။

မြန်မာအလုပ်သမားနှစ်ဦးအ တွက် အာမခံကိုထိုင်းဥပဒေတွင် ပြ ဋ္ဌာန်းထားသည့် အတိုင်း ဆက်လက် အာမခံ လျှောက်သွားမည်ဖြစ်ကာ ထပ်မံလျှောက်မည့် အာမခံများကို ထိုင်းတရားရုံးချုပ်သို့ပါ တင်ပြသွား မည်ဖြစ်ကြောင်း၊ ထိုင်းဥပဒေတွင် ၁၁ ရက်ကြာ၌ တစ်ကြိမ်အာမခံလျှောက် ခွင့်ရှိကြောင်း သံအမတ်ကြီးဦးဝင်း မောင်က ဆိုသည်။

ထို့ပြင် ယင်းနှစ်ဦးအာမခံရရှိ ရန်အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ထိုင်းနိုင် ငံ သုံးရက်တာခရီးစဉ်တွင် ထိုင်းဝန် ကြီးချုပ်နှင့် တွေ့ဆုံစဉ် ခိုတောင်ကျွန်း ကိစ္စစွပ်စွဲခံရသော မြန်မာနှစ်ဦးကို အချုပ်လွတ်ထုချေခွင့်ပေးရန် မိမိ ကိုယ်မိမိ အပေါင်ထားပါကြောင်း၊ ထို လူငယ်နှစ်ဦး ထွက်ပြေးပါက မိမိလာ ရောက်အဖမ်းခံမည်ဟု ရဲဝံ့စွာအာ မခံပါကြောင်း ထိုင်းဝန်ကြီးချုပ်ထံ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအတွက် မြန်မာ နှစ်ဦးအာမခံကို ကော့စမွေခရိုင် တရားသူကြီးမှ အမှုကြီးဖြစ်နေသည် မှာတစ်ကြောင်း၊ စွပ်စွဲခံမြန်မာနှစ် ဦးမှာ နိုင်ငံခြားသား ဖြစ်နေပြီး ထွက် ပြေးနိုင်၍ အာမခံမပေးခြင်းဖြစ်ကြောင်း လည်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် MWRN က ဆိုသည်။

MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ''မြန်မာနှစ်ဦးကို ဖွင့်ထားတဲ့အမှုက အမှုကြီးတွေဖြစ်နေတဲ့အတွက် တရား ရုံးက အာမခံပေးလိုက်ရင် နိုင်ငံခြား သားဆိုတော့ ထွက်ပြေးနိုင်တယ်ဆို ပြီး အာမခံမပေးတာလို့ သိရပါတယ်။ ကော့စမွေခရိုင်တရားရုံးက အရင်က တည်းက အာမခံလျှောက်လို့ရတယ် ပဲပြောထားပြီး အာမခံပေးမယ်လို့မ ပြောထားတဲ့အတွက် သူ့ရဲ့ငြင်းခွင့် အတိုင်းငြင်းလိုက်တဲ့သဘောမှာရှိနိုင် ပါတယ်''ဟု ပြောသည်။

ကော့စမွေတရားရုံးမှ မြန်မာ နိုင်ငံသားနှစ်ဦးကို လူသတ်မှု၊ မုဒိမ်း မှု၊ ပစ္စည်းခိုးမှု၊ တရားမဝင် ဝင်ရောက်မှု စသည့်အမှုများဖြင့် တရားစွဲဆိုထား ကြောင်းလည်း MWRN မှ သိရသည်။

နိုဝင်ဘာ ၂၅ရက်တွင် လိပ်ကျွန်း လူသတ်မှုကြောင့် ဖမ်းဆီးစွပ်စွဲခံ မြန်မာနှစ်ဦးအတွက် ပထမအကြိမ် အာမခံကို လျှောက်ထားရန်နှင့် ဖမ်းဆီးခံရသူနှစ်ဦးနှင့် တွေ့ဆုံရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာသံရုံး အထူးစုံစမ်း ရေးအဖွဲ့ဝင်များ ကော့စမွေကျွန်း သို့သွားရောက်ကာ မြန်မာနှစ်ဦးဖြင့် တွေ့ဆုံ၍ အာမခံလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုကြောင့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးစွပ် စွဲခံရကာ ကော့စမွေအကျဉ်းထောင် တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည် မှာ ယခုတွက်ရက်ပေါင်း ၅ဝကျော် ခန့်ရှိပြီဖြစ်ပြီး ပထမအကြိမ် အာမခံ ငြင်းပယ်ခံလိုက်ရခြင်းဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ် သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို နိုဝင်ဘာ ၂ဝရက်က ကော့စမွေ ခရိုင်တရားရုံး၌ ငါးကြိမ်မြောက် ချုပ် ရက်ရမန်ချမှတ်ရာတွင် တရားရုံးမှ အာမခံထားရှိနိုင်ကြောင်း ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပြီး အာမခံထားရှိရာတွင် ထိုင်းနိုင်ငံ၌ လက်ရှိပြဋ္ဌာန်းထားသည့် ထိုင်းဥပဒေပါအတိုင်း လူတစ်ဦးလျှင် အနည်းဆုံး ထိုင်းဘတ်ငွေ ငါးသိန်း ဖြင့် အာမခံထားရှိရမည်ဖြစ်သည်။

ယင်းသို့ အာမခံထားရှိရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ ကူညီ ပေးသွားမည်ဖြစ်ပြီး သံအမတ်ကြီး မှ လတ်တလောအာမခံငွေကို စိုက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သံရုံး ကိုယ်စားလှယ်အဖွဲ့မှ ပြောကြား ထားသည်။

ZCH

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Photo: စွပ်စွဲခံမြန်မာနှစ်ဦးထွက်ပြေးပါက ကိုယ်တိုင်အဖမ်းခံမည်ဟု အမျိုးသား 
လွှတ်တော်ဥက္ကဋ္ဌမှ အာမခံထားသော်လည်း ထိုင်းတရားရုံးက အာမခံမပေး
===================================================

ရန်ကုန်၊ နိုဝင်ဘာ ၂၆

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...