ရန်ကုန်မြို့ရှိ အများပြည်သူသုံး တယ်လီဖုန်းရုံများကို ပိတ်သိမ်းသွားရ ဖွယ်အနေအထားရှိနေသည်ဟု ဆက် သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရန်ကုန်မြို့အတွင်း ထားရှိဖွင့်လှစ်ထား သည့် အများပြည်သူသုံးတယ်လီဖုန်း ရုံများထက် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှရောင်းချထားသော ဆင်းမ်ကတ် များအပြင် ပြည်ပအော်ပရေတာနှစ်ခု ဖြစ်သော အော်ရီဒူးနှင့်တယ်လီနောတို့ ကို အသုံးပြုမှုများလာသောကြောင့် အများပြည်သူသုံးတယ်လီဖုန်းရုံ အသုံး ပြုမှု မရှိသလောက်နည်းပါးလာသည့် အတွက် ပိတ်သိမ်းသွားရဖွယ် ရှိလာ ခြင်းဖြစ်သည်။
ယခင်က ရန်ကုန်မြို့တွင် အများ ပြည်သူသုံးတယ်လီဖုန်းရုံများကို
သို့သော် လက်ရှိအနေအထား အရ အော်ရီဒူးနှင့် တယ်လီနောတို့မှ ဆင်းမ်ကတ် တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝနှင့် ရောင်းချပေးထားသည့်အ ပြင် ဖုန်းပြောခ ကိုပါ တစ်မိနစ်၂၅ ကျပ် သာ ကျသင့်စေသဖြင့် ဖုန်းအသုံးပြု သူများသည် ၄င်းဆင်းမ်ကတ်များကို သာ အလွယ်တကူဝယ်ယူ အသုံးပြု လာကြကြောင်း သိရသည်။
အများပြည်သူသုံး တယ်လီဖုန်း ရုံများအား ရန်ကုန်မြို့တွင် ပိတ်သိမ်း သွားရန် စီစဉ်လျက်ရှိသော်လည်း ဆက် သွယ်ရေးခက်ခဲသည့် နယ်မြို့များ၌ ဆက်လက် ထားရှိပေးသွားမည်ဖြစ် ကြောင်း သိရသည်။
by yangonmediagroup
Thursday, November 27, 2014
ရန်ကုန်မြို့ရှိ အများသုံးတယ်လီဖုန်း(PCO)များ ပိတ်သိမ်းရဖွယ်ရှိနေဟု MPT ပြောဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...