<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

ဆိုင်ကယ်နှင့် ကုန်တင်ကား တိုက်မိ ဆိုင်ကယ် မောင်းနှင်သူ သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ဟိုနောင်ကျေးရွာနှင့် လွယ်အင်ကျေးရွာကြား ကျင်စန်ကျော့ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှင့် ကုန်တင်ကား တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွား ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့က မူဆယ်မြို့ ဟိုနောင်ကျေးရွာနှင့် လွယ်အင်ကျေးရွာကြား ကျင်စန်ကျော့ လမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၂/၃) နှင့် (၂/၄) ကြားတွင် ဟိုနောင်ရွာဘက်သို့ ကျင်ပူအောင် ၄၉ နှစ် (ဘ) ဦးမိုခမ်း မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ ဒေါ်ခမ်းဘောက် လိုက်ပါလာသော အဖြူရောင် အော်တို အင်ဂျင် ဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာရာ ရှေ့ယာဉ်ကြောတူတွင် မောင်းနှင်နေသည့် လေးဘီး အပြာရောင် ထရပ်ကားကို နောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ကျင်ပူအောင်တွင် မေးစေ့ ပေါက်ပြဲ၊ ရင်ဘတ် ညိုမည်း ဖူးရောင် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးပြီး ဒေါ်ခမ်းဘောက်တွင် ယာမျက်ခုံး ပေါက်ပြဲ သွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် မောင်းနှင်သူ ကျင်ပူအောင်ကို မူဆယ် မြို့မရဲစခန်းက ယာဉ်(ပ)၄၈/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

by mwdmedia

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...