<div style='background-color: none transparent;'></div>

Wednesday, November 19, 2014

အရက်အလွန်အကျွံသောက်သဖြင့် စိတ်မူမမှန်ဖြစ်နေသူ အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်းပေါ်မှ ခုန်ချခဲ့သဖြင့် သေဆုံး

၁၇.၁၁.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင်အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ၍ ရောက်ရှိကုသနေစဉ်
သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်နေ အသက်(၃၈)နှစ်ခန့်ရှိ အမျိုးသားမှာ ယာခြေကျင်းဝတ်နှင့် ယာပေါင်ကျိုးကြေဒဏ်ရာ၊ ယာနံဘေးဖူးရောင်
ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အရက်သေစာအလွန်အကျွံ သောက်စား
တတ်သူဖြစ်ကြောင်း၊ ၁၆.၁၁.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်က အရက်သေစာများသောက်စားပြီး စိတ်မူမမှန်ဖြစ်ကာ အမြင့်(၅၀)ပေရှိ ၎င်း၏ နေအိမ်တိုက်ခန်း(၆)လွှာ ဝရန်တာမှ အောက်သို့ခုန်ချခဲ့သဖြင့် ဒဏ်ရာများ ရရှိပြီး သတိလစ်နေ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ သေဆုံးသွား
ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၈၂/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...