၁၇.၁၁.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း
တပ်ဖွဲ့ဝင်များသည် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံရာ ရေစပ်၌ ရေနစ်သေဆုံးသူ အမျိုးသားတစ်ဦး တွေ့ရှိ
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
စစ်ဆေးချက်အရ သေဆုံးသူတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်သည့်
လက္ခဏာများဖြင့် သေဆုံးနေ သည်ကိုတွေ့ရှိရပြီး ၎င်း၏ပုခုံးတွင် အနက်ရောင်လွယ်ကြိုးပါအိတ်(၁)လုံ
အိတ်အတွင်းစစ်ဆေးရာ ကိုစိုးသီဟကျော်အမည်ဖြင့် ၁၃/မရန(နိုင်)၀၀၈၉၆၁၊ အမှတ်(၁၁/၃၆)၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ ဗဟန်းမြို့နယ်၊ မွေးသက္ကရာဇ်- ၄.၇.၇၉၊ လိုင်စင်အမှတ်-င/၀၀၇၁၇/၀၅ များပါရှိ သည့် ယာဉ်မောင်းလိုင်စင်(၁)ခု
အားတွေ့ရှိရသဖြင့် သေဆုံးသူအား အတည်ပြုစုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း
အမှတ်စဉ် (၁၀/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
by yangonpolice
Wednesday, November 19, 2014
တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံတွင် ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦးအား တွေ့ရှိ သဖြင့် စုံစမ်းစစ်ဆေးလျက်ရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...