<div style='background-color: none transparent;'></div>

Sunday, November 16, 2014

ကိုပါကြီးအသတ်ခံရမှု စစ်ဆေးမှု ပြီးလုနီးပြီဟု ကော်မရှင်ပြော

အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှု စုံစမ်းစစ်ဆေးနေတဲ့ မြန်မာ့လူ့အခွင့် အရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ အပြီးသတ်လုနီးရှိနေပြီး ဒီလထဲ အစီရင်ခံစာထွက်ဖို့ရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးစစ်မြိုင်က ပြောပါတယ်။

ကိုပါကြီး
ကိုပါကြီး
ဦးစစ်မြိုင်ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ အခုလဆန်းပိုင်းကစပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို သွားရောက်ပြီး အစိုးရစစ်တပ်အပါအ၀င် သက်သေ ၅၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့ပြီးပြီလို့ ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။
“သက်သေ ၄၅ ယောက်လောက် ကျနော်တို့ စစ်ပါတယ်။ တချို့လည်း နှစ်ခါပြန်စစ်တာဆိုတော့ စစ်ဆေးမှုပေါင်း ၅၀ ကျော်လောက် ဖြစ်သွားတာပေါ့လေ။ ကော်မရှင်အစီရင်ခံစာက ဒီလထဲ ပြီးမှာပါ။ ပြီးအောင်လည်း လုပ်မှာပါ။ ကော်မရှင်အစီရင်ခံစာကို သမ္မတဆီလည်း တင်ပြမယ်၊နောက် ပြည်သူကိုလည်း တင်ပြပါမယ်။”
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဒီကေဘီအေနဲ့ ပြည်တွင်းကအဖွဲ့အစည်းတခုတို့လောက်ပဲ စစ်ဆေးမေးမြန်းဖို့ ကျန်ရှိတော့ပြီး ကော်မရှင်အဖွဲ့လည်း ဒီနေ့ ရန်ကုန်ပြန်နေကြပြီလို့ ပြောပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
by DVB

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...