<div style='background-color: none transparent;'></div>

Monday, November 17, 2014

အရှိန်မထိန်းနိုင်သောယာဉ်မှ ဘုရားဝင်းအုတ်တံတိုင်း၊ ဓမ္မာရုံနှင့် အမျိုးသား (၂)ဦးတို့အား တိုက်မိ

၁၆.၁၁.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်း
အတိုင်း ရွာမဘက်မှ ပေါက်တောဝဘက်သို့ ဒလမြို့နယ်နေ ယာဉ်မောင်း ကိုလှိုင်ထွန်း၊ (၃၀)နှစ်မောင်းနှင်လာသော 5B---- နစ်ဆန်း ယူဒီထရပ်ယာဉ်
သည် ရွှေစိန်အေးဘုရားရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ ဘုရားဝင်းအား ကာရံထားသည့်အုတ်တံတိုင်းကို တိုက်မိကာ ဘုရားဝင်းအတွင်းသို့ရောက်ရှိ
သွားပြီး ဓမ္မာရုံနှင့် ဓမ္မာရုံအနီးတွင်ရှိနေသော မကွေးတိုင်းဒေသကြီး၊ မြို့သစ်
မြို့နယ်နေ ဦးဝင်းကျော်နှင့် အင်းစိန်မြို့ နယ်နေ ကိုမျိုးဇော်သန်းတို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်၊ အုတ်တံတိုင်းနှင့် ဓမ္မာရုံတို့ပျက်စီးခဲ့သည့်အပြင်ယာဉ်တိုက်ခံသူ ဦးဝင်းကျော်မှာ ဖူးရောင်ပေါက်ပြဲသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကိုမျိုးဇော်သန်းတွင် ဖူးရောင်နာကျင်
ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုလှိုင်ထွန်းအား အင်းစိန်မြို့မရဲစခန်း
ယာဉ်(ပ)၁၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...