<div style='background-color: none transparent;'></div>

Sunday, December 14, 2014

တိုက်လေးလွှာမှ ပြတင်းပေါက်မှန် ပြုတ်ကျ၍ လူငယ်တစ်ဦး ဒဏ်ရာရ


ဗိုလ်ချုပ်လမ်းနှင့် (၃၉) လမ်းထောင့်ရှိ တိုက်အမှတ် (၂၅၉-၂၆၃) သမဝါယမ ပို့ကုန်/သွင်းကုန်လုပ်ငန်း တိုင်း ဒေသကြီး သမဝါယမ ဦးစီးဌာန ဆိုင်းဘုတ်တင်ရှိ ထားသည့် ခြောက်ထပ်တိုက်ကြီး၏ လေးလွှာမှ ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီခွဲခန့်က ပြတင်းပေါက်မှန် တစ်ချပ်ပြုတ်ကျရာ ပလက်ဖောင်းပေါ်တွင် သွားနေသူများထဲမှ လူငယ်တစ်ဦး ၏ ဦးခေါင်းပေါ်သို့ ကျရောက်သဖြင့် ထိုလူငယ်မှာ ဦးခေါင်း ပေါက်ပြဲသွားခဲ့သည်။

လူငယ်တစ်ဦးက တိုက်ပေါ်သို့ တက်ရောက်ခေါ်ရာ တာဝန်ရှိသူဟု ယူဆရသူ အမျိုးသား နှစ်ဦးပါလာပြီး ခေါင်းဒဏ်ရာရသူ လူငယ်ကိုခေါ်၍ တက္ကစီဖြင့် ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။

(ဦးမြချစ်)
The Mirror Daily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...