<div style='background-color: none transparent;'></div>

Sunday, December 14, 2014

လက်ကိုင်ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

၁၃.၁၂.၂၀၁၄ ရက်နေ့ ၁၆၃၅ အချိန်တွင် ကော့မှူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဒေါ်နုနုယဉ် (၄၉)နှစ်သည် နေအိမ်ရှေ့ခန်းရှိ မီးအားမြှင့်စက်ပေါ်တွင် လက်ကိုင်ဖုန်းအားသွင်းထားစဉ် အပူရှိန်လွန်ကဲပြီး ဖုန်းမှရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အနီးရှိစာအုပ်များ
ထည့်ထားသော ပလပ်စတစ်ခြင်းအား ကူးစက်လောင်ကျွမ်းရာမှတစ်ဆင့် အလျား(၃၀)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းတစ်ထပ်နေအိမ်
အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ
ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရှိခဲ့ရပါသည်။

မီးလောင်မှုဖြစ်ပွားစဉ် ဒေါ်နုနုယဉ်၏ လက်နှစ်ဘက်နှင့် ခြေနှစ်ဘက်တို့တွင် မီးဟပ်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)
အဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါ်နုနုယဉ်အား ကော့မှူးမြို့မရဲစခန်း
(ပ)၂၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...