<div style='background-color: none transparent;'></div>

Sunday, December 7, 2014

လှိုင်သာယာမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ဓါတ်လိုက်ခံရမှုကြောင့် (၂)ဦး သေဆုံး

၅.၁၂.၂၀၁၄ ရက်နေ့ ၁၄၄၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း
စက်မှုဇုန်ရှိ စောင်စက်ရုံတွင် ပိတ်ဖြတ်လုပ်သားဖြစ်သူ မောင်ချစ်ဝေ၊(၁၈)နှစ်
မှာ စောင်ပိတ်စများအား မော်တာဖြင့်ဖြတ်ရာမှ မော်တာ၏ပေါက်နေသော ၀ါယာကြိုးနေရာအားထိမိပြီး ဓါတ်လိုက်ခဲ့သဖြင့် ဆေးရုံသို့ပို့အပ်စဉ် လမ်း၌
သေဆုံးသွားခဲ့၍ လှိုင်သာယာမြို့မရဲစခန်းတပ်ဖွဲ့ဝင်မှ သွားရောက်စစ်ဆေး
ခဲ့ပြီး သေမှုသေခင်း အမှတ်စဉ် (၈၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်
လျက်ရှိပါသည်။

အလားတူ ၂၁၃၀ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်တွင်လည်း မောင်ရဲနိုင်၊ (၁၁)နှစ်မှာ နေအိမ်ရှေ့လမ်းမပေါ်၌ ဘောလုံးကစားနေစဉ် ဘောလုံးအားလိုက်
ကောက်ရာ လျှပ်စစ်ဓါတ်ကြိုးပေါက်ကာထိနေသော လျှပ်စစ်စီးဝင်နေသည့်
နေအိမ်ရှေ့သံဇကာအား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက် သေဆုံးခဲ့သဖြင့်
တောင်ဥက္ကလာပမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပြီး
သေမှုသေခင်း အမှတ်စဉ်( ၃၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...