<div style='background-color: none transparent;'></div>

Sunday, December 7, 2014

ကျော်တက်မောင်းနှင်စဉ် ထော်လာဂျီနှင့် ဆိုင်ကယ်တို့တိုက်မိသဖြင့် (၂)ဦးဒဏ်ရာရ

၅.၁၂.၂၀၁၄ ရက်နေ့ ၁၃၄၀ အချိန်တွင် တွံတေးမြို့နယ်၊ တွံတေး-ရေကျော်
ကားလမ်းအတိုင်း တောင်မှမြောက်သို့ တွံတေးမြို့နယ်နေ ကိုဝင်းဇော်၊(၃၄)နှစ် စီးနင်းမောင်းနှင်လာသော KENBO-125 ဆိုင်ကယ်သည် ကုန်းဝက်ချောင်း
ကျေးရွာထိပ်အရောက် ၎င်း၏ရှေ့မှ တွံတေးမြို့နယ်နေ ကိုပြည့်ကိုဟိန်း၊ (၂၀)နှစ်မောင်းနှင်သွားနေသော အပြာရောင်ထော်လာဂျီယာဉ်အား ကျော်တက်
မောင်းနှင်ရာမှ ဆိုင်ကယ်နှင့်ထော်လာဂျီတို့တိုက်မိခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်
သွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းဇော်တွင် ဖူးရောင်
စုတ်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ဆိုင်ကယ်နောက်မှလိုက်ပါ စီးနင်းသူ တွံတေးမြို့နယ်နေ ဒေါ်တင်ချစ်၊(၅၆)နှစ်
တွင် ပါးစပ်သွေးထွက်၊ ဦးခေါင်းနောက်စေ့၊ ၀ဲပါး၊ ယာလက်၊ ယာခြေသလုံးနှင့် ၀မ်းဗိုက်တို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် အတွင်းလူနာ
(စိုးရိမ်ရ)အဖြစ် လည်းကောင်း၊ ရန်ကုန်ဆေးရုံကြီးတွင်အသီးသီးဆေးကုသမှု
ခံယူခဲ့ရပါသည်။

ယင်းသို့ ဆိုင်ကယ်နှင့်ယာဉ်တို့တိုက်မိခဲ့သဖြင့် ကိုဝင်းဇော်နှင့် ကိုပြည့်ကိုဟိန်း
တို့အား တွံတေးမြို့မရဲစခန်း ယာဉ်(ပ)၄၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...