<div style='background-color: none transparent;'></div>

Monday, December 15, 2014

နေမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်အတွင်း ကမ္ဘာကြီး နေ့၊ ည အမှောင်ကျမည်ဆိုသည်မှာ မဟုတ်မှန်ဟု ဒေါက်တာထွန်းလွင်ကဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ နေမုန်တိုင်းကြောင့် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၁ ရက်အထိ ကမ္ဘာကြီးတွင် နေ့ရော၊ ညပါ အမှောင်ကျမည်ဟူသော သတင်းမှာလုံးဝ မဟုတ် မှန်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
“ဒီဇင်ဘာလ ၁၆ရက်မှ ၂၁ရက်နေ့အထိ ၆ ရက်တိတိ Solar Storms တွေဖြစ်လို့ ကမ္ဘာကြီး နေ့ရော ညရော အမှောင်ကျလိမ့်မယ်ဆိုတဲ့သတင်း လုံး(လုံးဝ) (လုံးဝ) မဟုတ်မှန်ကြောင်းနဲ့ ဒီသတင်းဟာ ဟာသ လုပ်ထားတဲ့ သတင်းအမှား သာဖြစ်ပါကြောင်း” ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထား သည်။
အဆိုပါ သတင်းသည် Huzler.com တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ရာ ယင်းဝက်ဆိုက်သည် လူအများ စိတ်ဝင်စားမှု ရှိစေသော စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေသော သတင်း များကိုဦး တည်ဖော်ပြသည့် ဝက်ဆိုက်ဖြစ်သည်။
နေမုန်တိုင်းမှ ထွက်ပေါ်လာသော ဖုန်မှုန့်များနှင့် အပျက်အစီး အပိုင်းအစများ လွင့်စင်လာပြီ နေကို ၉၀ ရာခိုင်နှုန်း ဖုံးအုပ်ထားခြင်းကြောင့် ဒီဇင်ဘာ ၁၆ရက် မှ၂၁ ရက်အတွင်း ကမ္ဘာပေါ်တွင် နေကို တွေ့မြင်ရမည် မဟုတ်ကြောင်း နာဆာက ထုတ်ပြန်ထားသည်ဟု ယင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ နေမုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်ကလည်း အကြီးမားဆုံး ဖြစ်ပေါ်ခဲ့ပြီး အမှောင်ကျမှုကို နာရီပေါင်း ၂၁၆ နာရီ ကြာမြင့်စေခဲ့သည် ဟု ယင်း ဝက်ဆိုက်က ဖော်ပြထားသည်။
ယင်းနေမုန်တိုင်းကြောင့် နေ့၊ ည အမှောင်လွှမ်းမှုနှင့် ပတ်သက်၍ နာဆာကလည်း မည်သည့် သတင်းထုတ်ပြန်ချက်မှ ထုတ်ပြန်ထားခြင်း မရှိပေ။
ဒီဇင်ဘာ ၁၆ ရက်နှင့် ၂၁ရက်အတွင်း ခရီးသွားမည့်သူများမှာ အဆိုပါသတင်းကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်ဟု လူမှုကွန်ယက် စာမျက်နှာများ တွင် ရေး သား ထားသည်။
မန္တလေးမြို့မှ ဒေါ်ချိုဇင်က “ဖေ့ဘုတ်ပေါ်မှာ တင်ထားတာတွေ့ပြီး သိရတာ ဒါပေမယ့် မယုံဘူး၊ အရင်တုန်းကလည်း ကမ္ဘာပျက်မယ်လို့တောင် သတင်းတွေ ထွက်ခဲ့တာပဲ မဖြစ်ခဲ့ဘူးလေ”ဟု ပြောသည်။
by mizzima
Photo: နေမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်အတွင်း ကမ္ဘာကြီး နေ့၊ ည အမှောင် ကျမည်ဆိုသည်မှာ မဟုတ်မှန်ဟု ဒေါက်တာထွန်းလွင် ကဆို 

ရန်ကုန် (မဇ္ဈိမ) ။ ။ နေမုန်တိုင်းကြောင့် ဒီဇင်ဘာလ၁၆ရက်မှ၂၁ရက်အထိကမ္ဘာကြီး တွင် နေ့ရော၊ ညပါ အမှောင်ကျမည်ဟူသော သတင်းမှာလုံးဝ မဟုတ် မှန်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/34779-2014-12-14-09-33-28

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...