<div style='background-color: none transparent;'></div>

Monday, December 15, 2014

ခြေဖ၀ါးကိုက်၍ ဓာတ်မှန်ရိုက်ရာမှ တွယ်ကပ်နေသည့် တုပ်ကောင်ကို တွေ့ရှိ

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၄။ သြစတြေးလျ နိုင်ငံတွင် လူတစ်ဦး၏ ခြေဖဝါးသားအတွင်း တွယ်လျက်ရှိသည့် တုပ်ကောင် တစ်ကောင်ကို ဓာတ်မှန်ရိုက် တွေ့ ရှိခဲ့ပြီး ယင်းတုပ်ကောင်ငယ် ရောက်ရှိ နေသည်မှာ သုံးနှစ်ထက်မနည်း ကြာမြင့်ပြီဟု ဆရာဝန်များက ယူဆထားသည်။
ယင်းကပ် ပါးကောင်ကို ဓာတ်မှန်အတွင်း အပိုင်းနှစ် ပိုင်းတွေ့  ရခြင်းဖြစ်ပြီး သေဆုံးနေပြီဟု ယူဆ ထားသည်။ ၎င်းလူက ခြေထောက်တွင် ပြည်တည်နာဖြစ် ၍ ဆေးရုံသို့ ရောက်ရှိရာမှ ဓာတ်မှန်ရိုက်ကာ ယခုကဲ့သို့ ခြေထောက်တွင် တုပ်ကောင် တွယ်ခံရသည်ကို ဓာတ်မှန်ရိုက်တွေ့  ရှိခြင်းဖြစ်သည်။ ခြေထောက်တွင်း တွယ်သည့် တုပ်ကောင်သည် အာဖရိကမျိုး ကပ်ပါးကောင် တစ်မျိုးဖြစ်သည်။ အတွယ်ခံရသူမှာ လွန်ခဲ့သော လေးနှစ်က ဆူဒန်မှ သြစတြေးလျ သို့ရွေ့ပြောင်း   ရောက်ရှိလာသူ ဖြစ်သည်။
   
ယင်းကပ်ပါးကောင် မျိုးတို့ သည်တောင်ဆူဒန်၊ အီသိုယိုးပီးယား၊ ဂီနီနှင့်ချာ့ဒ်တို့ တွင် အများဆုံး တွေ့ရသည်။ စိန့်ဗင်းဆင့် ဆေးရုံတွင်၎င်းလူနာကခြေထောက် အနာကြောင့် လာပြခြင်း ဖြစ်သည်။ ယင်းတုပ်ကောင်သည် ခြေထောက်အတွင်း ရှိနေခဲ့သည်မှာ နှစ်အတော်ကြာ နေမည် ဖြစ်ကြောင်း ဆရာဝန်များက ပြော သည်။
    
"နှစ်နဲ့ ချီပြီး ကပ်ပါးကောင်က အဲ့ဒီလူ ခြေဖဝါးအတွင်းမှာ တွယ်နေတာပါ။ ဒီကပ်ပါးကောင်တွေက လူ့ အသားတွင်းမှာ အသက်ရှင်ပြီး နှစ်နဲ့ ချီနေနိုင်တယ်။ ဒါမှ မဟုတ်လည်း သေနေ တတ်တယ်။ အဲ့ဒီ ကပ်ပါးကောင် ရှိနေရာမှာနာကျင် ကိုက်ခဲမှုတွေ ဖြစ်စေတယ်"ဟု ဒေါ်က်တာဒါဘီက ဆစ်ဒနီ မောနင်းဟာရတ်သတင်း သို့ ပြောခဲ့သည်။
အဆိုပါပုဂ္ဂိုလ်၏ ခြေထောက် အတွင်းမှ တုပ်ကောင်မှာသေဆုံး နေခဲ့သောကြောင့် အခြေအနေ မဆိုးရန် မျှော်လင့်ရသည်။ ယင်းကဲ့သို့အသားတွင်းတုပ်ကောင် တွယ်သည့် ဖြစ်ရပ်များမှာ အာဖရိက တိုက်ရှိ တောင်ဆူဒန်၊ အီသီယိုပီးယား၊ ဂီနီနှင့် ချာ့ဒ် တို့တွင် အဖြစ်များပြီး အချို့ဆိုလျှင် မျက်လုံးအတွင်း၌ပင်တုပ်ကောင် တွယ်ခြင်း ခံကြရသည်။
   
ဖွံ့ ဖြိုးဆဲ နိုင်ငံများရှိ လူများသည် အနာဖြစ်သည့်အခါ သေချာ ဂရုစိုက်ကြခြင်း မရှိသည့် အတွက် တုပ်ကောင်များက အနာအတွင်း ဝင်ရောက် နေတတ်သည် ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Ref: Mirror
Photo: ခြေဖ၀ါးကိုက်၍ ဓာတ်မှန်ရိုက်ရာမှ တွယ်ကပ်နေသည့် တုပ်ကောင်ကို တွေ့ရှိ 

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၄။ သြစတြေးလျ နိုင်ငံတွင် လူတစ်ဦး၏ ခြေဖဝါးသားအတွင်း တွယ်လျက်ရှိသည့် တုပ်ကောင် တစ်ကောင်ကို ဓာတ်မှန်ရိုက် တွေ့ ရှိခဲ့ပြီး ယင်း တုပ်ကောင်ငယ် ရောက်ရှိ နေသည်မှာ သုံးနှစ်ထက်မနည်း ကြာမြင့်ပြီဟု ဆရာဝန် များက ယူဆထားသည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/34778-2014-12-14-09-23-26 
by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...