လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သေဆုံးခဲ့ပြီဟု သတင်းများ ပျံ့နှံခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သေ၊ မသေ လောင်းကြေးဖွင့်သည့် ဒိုင်များ လသာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသို့ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း လသာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ဒီသတင်းက ကောလာဟလပါ။ လသာမြို့နယ်ထဲမှာ ဒီလိုမျိုး လောင်းကစား ပြုလုပ်တဲ့ ဒိုင်တွေမရှိပါဘူး။ ရှိခဲ့ရင်လည်း ခေါ်ယူသတိပေးနေမှာ မဟုတ်ဘူး။ ချက်ချင်းဖမ်းဆီး အရေးယူမှာပါ” ဟု လသာမြို့နယ် ဒုရဲမှူး ကျော်ကျော်အောင်က ဆိုသည်။
နာမည်ကျော် တရုတ်တန်းရှိရာ လသာမြို့နယ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လောင်းကြေးဖွင့်ခဲ့ခြင်း မရှိဟု ရဲတပ်ဖွဲ့က ပြောကြားသော်လည်း လသာမြို့နယ်တွင် နေထိုင်သော တရုတ်ကပြား ညီအစ်ကို နှစ်ဦးက လောင်းကြေးအဆ ၅ လေး ၁ လေး ဖွင့်ခဲ့ကြောင်း လောင်းကစား ပြုလုပ်ခဲ့သူများနှင့် ရင်းနှီးသူများထံမှ သိရှိရသည်။
“ဗိုလ်ချုပ်မှူးကြီး သေတဲ့ဘက်က ဝင်ထိုးလို့ တကယ်သေဆုံးခဲ့တာ မှန်ရင် ငါးဆရတယ်။ မသေတဲ့ဘက်က ထိုးရင် တစ်ဆပဲရတယ်။ ဗိုလ်ချုပ်မှူးကြီး တကယ် မသေဘူးဆိုတဲ့ သတင်းတွေက အတိအလင်း ထွက်လာလို့ လောင်းကြေး အလျော်အစားတောင် ပြီးခဲ့ပြီ” ဟု အဆိုပါသတင်းနှင့် ပတ်သက်၍ လောင်းကစား ပြုလုပ်ခဲ့သူများနှင့် နီးစပ်သူများက ဆိုသည်။
by thevoiceweekly
Tuesday, December 16, 2014
ဗိုလ်ချုပ်မှူးကြီးဟောင်း သေ၊ မသေ လောင်းကြေးဖွင့်သည့် ဒိုင်များ မရှိခဲ့ဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...