<div style='background-color: none transparent;'></div>

Wednesday, December 17, 2014

ဆိုင်ကယ်မှအရှိန်လွန်ကာ ရှေ့ယာဉ်အားဝင်ရောက်တိုက်မိခဲ့သဖြင့် (၂)ဦးဒဏ်ရာရ

၁၆.၁၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်
ကားလမ်းအတိုင်း တောင်မှ မြောက်သို့ တိုက်ကြီးမြို့နယ်နေ ကိုဇေယျာထက်၊ (၃၂)နှစ် စီးနင်းမောင်းနှင်လာသော HIBOBO-110 ဆိုင်ကယ်သည် မိုင်တိုင်
အမှတ်(၄၉/၀)အနီးအရောက် အရှိန်လွန်ကာ ၎င်း၏ရှေ့မှမောင်းနှင်နေသည့် 7E---- TOYOTA NOAH MINI VAN ကိုယ်ပိုင်ယာဉ်အား နောက်ဘက်မှ ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်နှင့်ယာဉ်တို့ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုဇေယျာထက်တွင် ၀ဲပေါင်၊ ခြေသလုံးနှင့် ၀ဲဖနောင့်တို့တွင် ပွန်းပဲ့နာကျင်
ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း၊ ၎င်း၏ဆိုင်ကယ်နောက်မှလိုက်ပါစီးနင်းသူ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နေ ကိုသူရ၊ (၃၁)နှစ်တွင် ယာနံရိုးနှင့် ဆီးခုံနာကျင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံတွင် ပြင်ပလူနာအဖြစ်လည်းကောင်း ကုသခဲ့ရ
ပါသည်။

ယင်းသို့ ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ကိုဇေယျာထက်အား တိုက်ကြီး
မြို့မရဲစခန်း ယာဉ်(ပ) ၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...