<div style='background-color: none transparent;'></div>

Wednesday, December 17, 2014

ခရီးသည်တင်ယာဉ်မှ ဆိုင်ကယ်အားကျော်တက်မောင်းနှင်စဉ် တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

၁၆.၁၂.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်း
အတိုင်း သမကုန်း ဘက်မှ ရွှေပြည်သာဘက်သို့ ဒလမြို့နယ်နေ ယာဉ်မောင်း ကိုမြင့်စိုး (၄၄)နှစ်မောင်းနှင်လာသော 2C--- မ.ထ.သ (၃၉)အထူး ခရီးသည်
တင်ယာဉ်သည် လှိုင်သာယာမြို့နယ်၊ မွှေး မှတ်တိုင်အလွန်အရောက် ၎င်းယာဉ်
၏ရှေ့မှ လှိုင်သာယာမြို့နယ်နေ ကိုမင်းမင်းဇော်၊(၂၈)နှစ်စီးနင်းမောင်းနှင်နေသော
၃၉ယ/---- AGUO-125 ဆိုင်ကယ်အား ယာဘက်မှကျော်တက်မောင်းနှင်စဉ် ယာဉ်၏၀ဲဘက်ခြမ်းနှင့် တိုက်မိသွားခဲ့ပါသည်။

ထိုသို့တိုက်မိခဲ့သဖြင့် ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး ကိုမင်းမင်းဇော်တွင် ယာတံတောင်နှင့် ယာပါးတို့၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့၍ လှိုင်သာယာဆေးရုံ
၌ ပြင်လူနာအဖြစ်ကုသခဲ့ရပြီး ဆိုင်ကယ်နောက်တွင်လိုက်ပါစီးသူ မအိရွှေစင် (၃၀)နှစ်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ၀ဲယာနား
သွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး
သွားခဲ့ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုမြင့်စိုးအား သောင်ကြီး
နယ်မြေရဲစခန်းယာဉ် (ပ)၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

by yangonpolice

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...