တပ်မတော်သား၊ ရဲဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းတွေရဲ့ လစာကို ရှစ်ဆအထိ တိုးမြှင့်ပေးဖို့ သူရဦးရွှေမန်းက တိုက်တွန်းခဲ့ပေမယ့် အစိုးရက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဝန်ထမ်းအရေအတွက်ကို ပြန်လည်စိစစ်ပြီးမှသာ တိုးမြှင့်ပေးဖို့ ပြောဆိုထားတယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အအုံ ခန်းမမှာ သူရဦးရွှေမန်း အပါအဝင် ကော်မတီ၊ ကော်မရှင်တွေနဲ့ အစိုးရအဖွဲ့မှ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ တွေ့ဆုံရာမှာ အစိုးရ ဘက်မှဆွေးနွေးသူတွေက ပြောဆိုခဲ့တာပါလို့ ဦးစောလှထွန်းက ပြောပါတယ်။
လစာတိုးမြှင့်ဖို့ အတွက် နိုင်ငံအတွင်းမှာ လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေး၊ ဒေါ်လာဈေးလဲလှယ်မှု၊ ထပ်မံ မြင့်တက်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှု၊ သုံးငွေရငွေ မျှတမှု၊လက်ရှိဘတ်ဂျတ် လိုငွေပြမှုနဲ့ ပြည်ပကိုချေးမယ့် ချေးငွေကိစ္စတွေ ကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောထားပါတယ်။
by the voice weekly
Friday, December 19, 2014
အစိုးရဝန်ထမ်းတွေကို လစာတိုးဖို့ ဦးရွှေမန်း တိုက်တွန်းထားပေမယ့် စိစစ်လုပ်ဆောင်မယ်လို့ အစိုးရဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...