နောက်နှစ်ဇန်န၀ါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း မြို့နယ် ၁၀၈ မြို့နယ်မှာ လူနေမှုစစ်တမ်းကောက်ယူပြီး ရရှိလာတဲ့ အ ချက်အလက်တွေကို အခြေခံပြီးမှသာ အနည်းဆုံးလုပ်ခ လစာကို သတ်မှတ်သွားမယ်လို့ နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး ဆွေးနွေးပွဲက သဘောတူလိုက် ကြပါတယ်။
နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးအေးမြင့်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေအပြင် တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြတာပါ။
အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်လင်း က အနည်းဆုံးလုပ်ခလစာအတွက် လိုအပ်ချက်တွေကို ပြောပါတယ်။
" ဒီနေ့ကတော့ အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေအရပေါ့နော် ဖော်ဆောင်ရမယ့် လုပ်ငန်းရှင်တွက်ကို အဓိကထားတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်ခင်ဗျ၊ ဒီမှာကတော့ တော်တော်ကြီးကိုပြည့်ပြည့်စုံစုံပေါ့နော်၊ အခြေခံ လက်ရှိကုန်ဈေးနှုန်း၊ အခြေခံလူမှု ဘဝကုန်ကျစရိတ်တွေကို အဓိကထားပြီးတော့ စစ်တန်းကောက်ယူသွား မယ်လို့ သိရပါတယ်၊ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ပေါ့နော်၊ ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံ ကွင်းဆင်းတဲ့လုပ်ငန်း ကျနော်တို့ စတင် ပါတော့မယ် "
အနည်းဆုံးလုပ်ခလစာသတ်မှတ်ရေးအတွက် ဆွေးနွေးနေတာ ဒီနေ့ဟာ ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ အနည်းဆုံးလုပ်ခ လစာဆိုရာမှာ စက်မှုဇုန်အလွှာအသီးသီး က အလုပ်သမားတွေအားလုံးအတွက် သတ်မှတ်ဖို့ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အစိုးရ၀န်ထမ်းတွေမပါဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ကလည်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်မှာ လုပ်ငန်းရှင်တွေ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အနည်းဆုံး လုပ်ခလစာသတ်မှတ်ပေးနိုင်ရေး အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။
RFA Burmese











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...