<div style='background-color: none transparent;'></div>

Wednesday, December 17, 2014

ရွှေပြည်သာမြို့နယ်တွင် ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊
ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ
ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်
စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျူးကျော်တဲနေ ဒေါ်ရွှေမိ၊ (၄၁)နှစ်သည် နေအိမ်တဲအတွင်း ပလပ်စတစ်ရေပုံးပေါ် တွင် ဖယောင်းတိုင်မီးအားထွန်းထားခဲ့ပြီး အသက်(၃)နှစ်
နှင့် (၆)နှစ်အရွယ် သား(၂)ဦးနှင့်အတူ အိပ်ပျော်နေစဉ် ၀၀၃၅ အချိန်ခန့်၌ ဖယောင်းတိုင်မီးစာကုန်သွားပြီး ပလပ်စတစ်ပုံးအား မီးစတင်လောင်ကျွမ်းခဲ့ရာမှ ၀ါကြမ်းခင်းအားကူးစက်ပြီး နေအိမ်အားမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၀၀၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရှိရပါသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားစဉ် ၎င်း၏(၃)နှစ်အရွယ်သားငယ်မှာ မီးလောင်ခံရကာ
သေဆုံးသွားပြီး (၆)နှစ်အရွယ်သားဖြစ်သူမှာ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ
များရရှိခဲ့သည့်အပြင် ဒေါ်ရွှေမိတွင်လည်း ယာလက်မောင်း၌ မီးလောင်ဒဏ်ရာ
ရရှိခဲ့ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရွှေမိအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၈၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by yangonpolice

Photo: ရွှေပြည်သာမြို့နယ်တွင် ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊
ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ
ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်
စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျူးကျော်တဲနေ ဒေါ်ရွှေမိ၊ (၄၁)နှစ်သည် နေအိမ်တဲအတွင်း ပလပ်စတစ်ရေပုံးပေါ် တွင် ဖယောင်းတိုင်မီးအားထွန်းထားခဲ့ပြီး အသက်(၃)နှစ်
နှင့် (၆)နှစ်အရွယ် သား(၂)ဦးနှင့်အတူ အိပ်ပျော်နေစဉ် ၀၀၃၅ အချိန်ခန့်၌ ဖယောင်းတိုင်မီးစာကုန်သွားပြီး ပလပ်စတစ်ပုံးအား မီးစတင်လောင်ကျွမ်းခဲ့ရာမှ ၀ါကြမ်းခင်းအားကူးစက်ပြီး နေအိမ်အားမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၀၀၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရှိရပါသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားစဉ် ၎င်း၏(၃)နှစ်အရွယ်သားငယ်မှာ မီးလောင်ခံရကာ
သေဆုံးသွားပြီး (၆)နှစ်အရွယ်သားဖြစ်သူမှာ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ
များရရှိခဲ့သည့်အပြင် ဒေါ်ရွှေမိတွင်လည်း ယာလက်မောင်း၌ မီးလောင်ဒဏ်ရာ
ရရှိခဲ့ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရွှေမိအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၈၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...