အရှိန်မထိန်းနိုင်သော ချောက်ထဲထိုးကျ တိမ်းမှောက်သဖြင့် ၁ ဦးသေ၊ ၁၉ ဦးဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး- ကလေးဝ ကားလမ်း၊ မိုင်တိုင်အမှတ်(၅၁)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကနီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့သည်။
စစ်ဆေးချက်အရ ယာကြီးရွာဘက်မှ လာဘို့ရွာဘက်သို့ ကနီမြို့နယ်၊ သပြေကုန်း ကျေးရွာနေ အောင်ဆွေဝင်း(၂၅)နှစ်မောင်းနှင်လာသော အပြာရောင်ဖောယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ပေ(၆ဝ)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာနေ ဦးမင်းမောင် (၃၉)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကနီမြို့၊ လာဘို့ကျေးရွာနေ မရွှေဝါနု(၂၂)နှစ်ပါ(၁၉)ဦးတို့၌ ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် အောင်ဆွေဝင်းအား ကနီမြို့မ ရဲစခန်း ယာဉ်(ပ)၁၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...