<div style='background-color: none transparent;'></div>

Tuesday, December 16, 2014

ကွန်ဂိုတွင် ကူးတို့ရေယာဉ်နစ်မြုပ် ၁၂၉ ဦးထက်မနည်း သေဆုံး



ကွန်ဂိုဒီမို ကရက်တစ် သမ္မတနိုင်ငံရှိ ကန်ဂန်ရီကာ ရေအိုင်ကြီးတွင် ကူးတို့ ရေယာဉ် တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် သေဆုံးခဲ့သူ ၁၂၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကူးတို့ရေယာဉ် နစ်မြုပ်မှုမှာ ဒီဇင်ဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ခဲ့ သူများအား ရှာဖွေ ကယ်ဆယ်ရေး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်နယ်ပို့ဆောင်ရေး ဝန်ကြီး လောရင့်ဆပ်ကရာဟိုဇီက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ရေယာဉ်စီး ခရီးသည်အချို့အား ဒီဇင်ဘာ ၁၄ ရက်တွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ၎င်းတို့သည် ဓာတ်ဆီထည့်သံပုံးများနှင့် အခြားအရာ ဝတ္ထုများကို တွယ်ဖက်ထား ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

ရေယာဉ်စီး ခရီးသည်များသည် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသကဲ့သို့ ၎င်းတို့မှာ ရေကူးတတ်သူများလည်း မဟုတ်ကြောင်း သတင်းတွင်ဖော်ပြသည်။

လှိုင်းလေပြင်းထန်ပြီး ဝန်နှင့်အားမမျှဘဲ ခရီးသည်များတင်ဆောင်လာခြင်းကြောင့် အဆိုပါ ရေယာဉ်နစ်မြုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ကတန်ဂါပြည်နယ်မှ တာဝန်ရှိသူများက ပြောကြားပြီး နစ်မြုပ်သွားသော ရေယာဉ်မှာ အမ်ဗွီ ပူတမ်ကလာအမည်ရှိ ရေယာဉ်ဖြစ်သည်ဟု ဆိုသည်။

ရိုက်တာ။

The Mirror Daily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...