<div style='background-color: none transparent;'></div>

Saturday, December 13, 2014

ကြည့်မြင်တိုင် မီးလောင်မှု သတင်း အပြည့်အစုံ

၁၃.၁၂.၂၀၁၄ ရက်နေ့ ၀၀၄၀ အချိန်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ကြည့်မြင်တိုင် မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ စကားဝါပင်လမ်းတွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်း အရ သွားရောက် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဦးသန်းညွန့်သည် ၎င်း၏နေအိမ် နောက်ဖေးခန်းအတွင်း ခြင်ဆေးခွေ ထွန်းညှိထားရာမှ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ၎င်း၏နေအိမ်မှတဆင့် ဝဲ/ယာရှိ နေအိမ်(၆)လုံးတို့အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၅၂)စီးတို့
ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၂၀၀ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင်ကျွမ်းသေဆုံး နေသူ တစ်ဦးအား တွေ့ရှိရသဖြင့် စိစစ်ရာ သေဆုံးသူမှာ ဦးသန်းညွန့်၏ဇနီး ဒေါ်ဝင်းဝင်းမာ(၅၂)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းညွန်းအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၈၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ ကျား(၂၇)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၅၅)ဦးတို့အား ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မကျီးတန်းမြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းရှိ စလင်းကျောင်းတိုက် ဓမ္မာရုံအတွင်း ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်းအိမ်ထောင်စုများ အနက် အချို့မှာ အနီးပတ်ဝန်းကျင်ရှိ ၎င်းတို့၏ဆွေမျိုး၊ မိတ်ဆွေတို့၏ နေအိမ်များတွင် ခေတ္တ နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by 7daynews and Yangon Police




0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...