<div style='background-color: none transparent;'></div>

Saturday, December 13, 2014

ကယ်လီဖိုးနီးယား ပြည်နယ်တွင် မိုးသက်မုန်တိုင်း တိုက်ခတ် ၊ ဓာတ်အားလိုင်းများ ပြတ်တောက်ပြီး တစ်ဦး သေဆုံး



အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်နှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ဒီဇင်ဘာ ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် အိမ်ခြေထောင်ပေါင်း များစွာတွင် ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဒဏ်ကြောင့် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ကပ် ထွက်ခွာမည့် လေယာဉ် ခရီးစဉ် ၂၄ဝ ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း၊ ထို့ပြင် အခြားလေယာဉ် ခရီးစဉ်များကိုလည်း နှစ်နာရီကျော်ကြာ ရွှေ့ဆိုင်း ခဲ့ရကြောင်း လေဆိပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင် ရေလွှမ်းမိုးမှုများကြောင့် ဒေသတွင်းရှိ ကျောင်းများနှင့် မြေအောက်ရထား ပြေးဆွဲမှု ခရီးစဉ်များကိုလည်း ပိတ်ခဲ့ရကြောင်း သိရသည်။ ထို့အတူ ဓာတ်အားလိုင်း ပြတ်တောက်မှုများကြောင့် လျှပ်စစ်ကား ပြေးဆွဲမှု ခရီးစဉ်များ နေရာတွင် ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲခဲ့ရပြီး ကူးတို့ယာဉ် ပြေးဆွဲမှုခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်။
ထို့အတူ Vandenberg လေတပ် အခြေစိုက်စခန်းမှ Atlas V ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကိုလည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။
by mwdmedia

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...