<div style='background-color: none transparent;'></div>

Friday, December 12, 2014

ရန်ကုန် လမ်း ၄၀ အလယ်ဘလောက်တွင် ဆိုက္ကားသမားနှင့် ကားသမား ခိုက်ရန်ဖြစ်ပွား


လမ်း ၄၀ အလယ်ဘလောက်နှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ကားပါကင်ထိုးရာမှ ဆိုက္ကား သမားနှင့် ကားသမား ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်း အချိန်တွင် ခိုက်ရန် ဖြစ်ပွား ကြောင်း သိရသည်။

ဘေးပတ်ဝန်းကျင်က ပြောပြချက်အရ ကားသမားက တောင်းပန်သည့်ကြားမှ ဆိုက္ကား သမားက ကားမှန်ကို ရိုက်ခွဲ လိုက်ကြောင်း၊ ယင်းကြောင့် အနီးဝန်းကျင်မှ ကားသမားများ ရောက်လာပြီး ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက်လိုက်ကြောင်း၊ Probox ကားမှ ကားသမားလည်း မောင်းပြေး သွားကြောင်း၊ ဆိုက္ကား သမားမှာ မဟာဗန္ဓုလ လမ်းပေါ်တွင် ပက်လက်လန်ပြီး သတိလစ်သွားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ကျောက်တံတားရဲစခန်းကို သွားရောက်မေးမြန်းရာ မြို့နယ်မှူးက ''အခု ဆေးစစ်ဖို့ ဆေးရုံကိုသွားရမယ်။ အမှုဖွင့်မလား၊ မဖွင့်လား မသိသေးဘူး။ ဘယ်လိုပုဒ်မနဲ့ တရားစွဲမလဲဆိုတာ ဆေးစာအပေါ် မူတည်ပါ တယ်။ ဒါကြောင့် ညနေကြမှ လာရောက်သတင်းယူကြပါ'' ဟု ပြောသည်။

သဒ္ဓါထက်အိုင်(လှန်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...