၁၁.၁၂.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပဆေးရုံသို့ လူငယ်
တစ်ဦး ရေနစ်သေဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ
သေဆုံးသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနေ မောင်းမင်းသုတဇော် (၁၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ၁၈၄၅ အချိန်တွင် သေဆုံးသူသည် သူငယ်ချင်းဖြစ်သူနှင့်အတူ
ရွှေပေါက္ကံ (၁၃)ရပ်ကွက်၊ စစ်တွေလမ်းရှိ ကစားကွင်းတွင် ဘောလုံးကစားနေစဉ် ကစားကွင်းဘေးရှိ အကျယ် (၁၀၀×၈၀)ပေ၊ အနက်(၁၀)ပေခန့်ရှိ မီးသတ်ရေကန်
အတွင်းသို့ ဘောလုံးကျသွားသဖြင့် ဘောလုံး အားဆင်း၍ဆယ်ယူခဲ့ရာမှ
ရေထဲသို့နစ်မြုပ်သွားခဲ့ကြောင်း
ခဲ့ရာ ၁၉၀၀ အချိန်တွင် ဆယ်ယူရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပေါက္ကံနယ်မြေရဲစခန်းသေမှုသေခင
အမှတ်စဉ် (၂၀/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
by yangonpolice
Friday, December 12, 2014
ရေကန်အတွင်းသို့ ဘောလုံးကျသွားသဖြင့် ဆယ်ယူသူ လူငယ်တစ်ဦး ရေနစ်သေဆုံး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...