<div style='background-color: none transparent;'></div>

Wednesday, December 17, 2014

ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းရင်း ဘေးအိမ်ခေါင်မိုး ပျက်စီးသွားခဲ့တဲ့ နယ်သာလန်က ဖြစ်ရပ်

အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတစ်စီးကို ငှားပြီး သူ့ချစ်သူ ကောင်မလေး ရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့ကို ကရိန်းနဲ့ သူကိုယ်တိုင်သွားပြီး လက်ထပ်ခွင့်တောင်းရန် စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတဲ့ အတိုင်း လက်စွပ်ကို ယူပြီး ကရိန်းနဲ့ သူ့ချစ်သူရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့ကို အသွားမှာ သက်တမ်းကြာနေလို့ လုပ်ဆောင်မှုတွေမကောင်းတော့တဲ့ ကရိန်း ဟာ ချို့ယွင်းသွားပြီး ဘေးအိမ်က အိမ်နီးချင်းတစ်ယောက်ရဲ့ အိမ် ခေါင်မိုးကို ပျက်စီးသွားစေခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ ၊ အစ်ဆယ်လ်စတိန်း မြို့မှာ လက်ထပ်ခွင့်တောင်းရာကနေ အထိတ်တလန့်တွေ ဖြစ်ခဲ့ရပြီး မြို့တော်ဝန်ကတော့ ထို အဖြစ်အပျက်ကြောင့် အဆောက်အဦးတွေရဲ့ မလုံခြုံမှုကို သတိထားဖို့ ကြေညာခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားကတော့ သူ့ချစ်သူကောင်မလေးရဲ့ သဘောတူလက်ခံမှုကို ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှာ လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
trend myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...