ပြည် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ အမှတ် (၇၀၁၂) သံချပ်ကာတပ်ရင်းမှ အသက် (၂၂) နှစ်အရွယ် ကယားတိုင်းရင်းသား တပ်သား မောင်အောင်မျိုးထွန်းဆိုသူက နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ဆွဲကြိုးချသဆုံးသွားကြောင်း ပြည်အမှတ် (၃) ရဲစခန်းစခန်းမှူး ရဲအုပ်စိုးလှိုင်ဦးက ပြောသည်။
“ယူနီဖောင်းအပြည့်စုံနဲ့ ဆွဲကြိုးချသေ သွားတာဖြစ်တယ်။ ရဲဘော်တွေ အီကွေ့မန့် မှာ တွဲရက်တတ်တဲ့ သုံး ပင်လိမ်ကြိုးနဲ့ ဆွဲ ကြိုးချသွားတာ။ အုတ်ခဲတွေ ဆင့်တယ်၊ အုတ်ခဲပေါ်မှာ သစ်သားသေတ္တတင် အဲဒီပေါ်တက်ပြီး အပေါ်ထုတ်တန်းမှာ ကြိုးချည်ပြီး လုပ်သွားတယ်” ဟု ၎င်းက ပြောသည်။
တပ်သား အောင်မျိုးထွန်းသည် လည်ပင်း ညိုမည်းဒဏ်ရာ၊ နှာရည်ယို၊ သုက်ရည်ထွက်ကာ သေဆုံးနေပြီး အခြားပြင်ပဒဏ်ရာများ မတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
တပ်သားသေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်အမှတ် (၃) ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၄ ဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
by mizzima










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...