<div style='background-color: none transparent;'></div>

Friday, December 12, 2014

ဂူဂဲလ်တွင် မြန်မာဘာသာ ပြန်နိုင်ပြီ

ဂူဂဲလ်၏ Web Browser မှနေ၍ အင်တာနက် သုံးသူများ အနေဖြင့် Google Translate တွင် မြန်မာဘာသာ ပြန်ဆိုနိုင် ပြီဖြစ်သည်။ ဂူဂဲလ်က အသစ်ဖြည့် ဆည်းလိုက်သည့် ဘာသာပြန် ဆိုပေးသည့် ဝန်ဆောင်မှုတွင် နောက်ထပ်ဘာသာ ဆယ်မျိုးကို ဖြည့်ဆည်းလိုက် ခြင်းဖြစ်ရာ ယင်းဆယ် မျိုးတွင် မြန်မာဘာသာ ပါ ပါဝင်လာ ခြင်းဖြစ်သည်။
translate
သုံးစွဲသူ သန်း ၂၀၀ ကျော်ထံသို့ အတွက် မိခင်ဘာသာ စကားမှအခြားဘာသာများသို့ ဘာသာပြန် ဆိုခြင်းကို အသုံးပြုနိုင် ပြီဖြစ်သည်။ဂူဂဲလ်က အသစ်ဖြည့် ဆည်းပေးလိုက်ပြီဖြစ်သည့် ဘာသာဆယ်မျိုးမှာ Chichewa၊ Malagasy၊ Sesotho၊ Malayalam၊ Myanmar၊ Sinhala၊ Sudanese၊ Kazakh၊ Tajik၊ Uzbek
တို့ ဖြစ်သည်။
Google Translate မှနေ၍ ယင်းဘာသာ ဆယ်မျိုးကို ဘာသာပြန် ဆိုနိုင်ပြီဖြစ်ပြီး သိပ်မကြာမီ အချိန်တွင် မိုဘိုင်း အက်ပလီကေးရှင်း များတွင်လည်း
ဘာသာပြန် ဆိုနိုင်တော့ မည်ဖြစ်ကြောင်း ဂူဂဲလ်က ပြောသည်။ လက်ရှိတွင် ဘာသာပြန်ဆိုမှု အပိုင်း၌ အားနည်းချက် ရှိနေသေး သော်လည်း မကြာမီ
အဆင်ပြေလာမည်ဟု မျှော်လင့်ရသည်။
Google Translate ကို အသုံးပြုကာ ဘာသာစကား အသစ်ကို သင်ယူခြင်း သို့ မဟုတ် မိတ်ဆွေ သစ်များ ဖွဲ့ နိုင်ခြင်းတို့ ကို လုပ်ဆောင်နိုင် မည်ဖြစ်သည်။
ဘာသာ စကားကြောင့် ပတ်ဆို့ တားဆီးထား မှုများကိုလည်း ကျော်လွှားသွား နိုင်ပြီဖြစ်သည်။
ယခုဘာသာဆယ်မျိုးကို ဖြည့်ဆည်းဝန်ဆောင်ပေးခြင်းဖြင့် Google Translate တွင် ဘာသာစကားစုစုပေါင်း ၉၀ ကို ဘာသာပြန်ဆို အသုံးပြုနိုင်ပြီဖြစ်သည်။
Ref: androidcentral.com
by mizzimaburmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...