<div style='background-color: none transparent;'></div>

Monday, December 8, 2014

ထောင်ချ ခံထားရသည့် ဖခင်ကို လွှတ်ပေးရန် မက္ကဆီကို လယ်သမား မိမိကိုယ်ကို မီးရှို့ဆန္ဒပြ

မက္ကဆီကို၊ ဒီဇင်ဘာ ၇။ ၂၀၁၁ ခုနှစ် ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဖခင်ဖြစ်သူကို လွှတ်ပေးရန် မက္ကဆီနိုင်ငံတောင်ပိုင်း ချီပတ်စ်ပြည်နယ် လွှတ်တော်အဆောက်အအုံအနီးတွင် လယ်သမားတစ်ဦးက မိမိကိုယ်ကို မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့သည်။

Mexico
ယခုပြုလုပ်သည့် ဆန္ဒပြမှုတွင် အသက် ၂၁ နှစ်အရွယ် အော်စတင်ဂိုမက်ပီရက်ဇ်သည် မိမိအား အခြားသူတစ်ဦးက ဓာတ်ဆီ များဖြင့် လောင်းစေကာ မိမိကိုယ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့ တင်ခဲ့ရပြီး မီးလောင်ဒဏ်ရာများ သည် သေစေလောက်သည် အထိ မဖြစ်ခဲ့ကြောင်း မိထွေး ဖြစ်သူ အာရာဆယ်လီဒိုင်ယက်ဇ်က ပြောကြားသည်။
ဂိုမက်ပီရက်ဇ်၏ ဖခင်ဖြစ်သူသည် လူသတ်မှု၊ ကျွဲနွှားများ ခိုးမှု၊ ရာဇ၀တ်ဂိုဏ်းနှင့်ပတ်သက်မှု၊ ဆူပူမှုများကြောင့် မိသားအများ အပြား နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရ မှုများဖြင့် တရားစွဲဆို ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုစဉ်က ဆန္ဒပြမှုသည် ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များ ကို တောင်းဆိုရာမှ ဆူပူမှုများ အဖြစ်သို့ ပြောင်းလဲ သွားပြီး ရဲကားများ ဖျက်ဆီးခံရကာ အစ်ဇ်တာပါ မြို့တော် ခန်းမလည်း မီးလောင်ကျွမ်း ခဲ့သည်။
Ref: AFP
by mizzimaburmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...